ကွင်းလယ်ဒိုင်ကို တွန်းထိုးမှုဖြင့် မိုနာကိုတောင်ပံကစားသမား ယဲလ်ဆွန်မာတင် (၆)လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

ကွင်းလယ်ဒိုင်ကို တွန်းထိုးမှုဖြင့် မိုနာကိုတောင်ပံကစားသမား ယဲလ်ဆွန်မာတင် (၆)လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ
Photo: Getty Images
Photo: Getty Images
Published 6 March 2020

မိုနာကိုတောင်ပံကစားသမား ယဲလ်ဆွန်မာတင်သည် ကွင်းလယ်ဒိုင်ကို တွန်းထိုးမှုဖြင့် (၆)လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။ 

မိုနာကိုတောင်ပံကစားသမား ယဲလ်ဆွန်မာတင်သည် ကွင်းလယ်ဒိုင်ကို တွန်းထိုးမှုဖြင့် (၆)လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။ 

ယဲလ်ဆွန်မာတင်သည် ဖေဖော်ဝါရီလ (၁)ရက်က ကစားခဲ့သည့် လီဂူးပွဲစဉ် နီးစ် (၃-၁) မိုနာကိုပွဲတွင် ပွဲချိန် (၃၂)မိနစ်၌ မိုနာကိုကွင်းလယ်လူ ဘာကာယိုကိုအား အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင်ဖြစ်သူ လီဆာဂီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ဘဲ လီဆာဂီကို တွန်းထိုးခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် လီဆာဂီက သူ့အား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ယဲလ်ဆွန်မာတင်ကို အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။ ယင်းနောက် ဒေါသထွက်နေသည့် ယဲလ်ဆွန်မာတင်သည် နှစ်ဖက်ကစားသမားများ တားဆီးနေသည့်ကြားမှ ကွင်းလယ်ဒိုင် လီဆာဂီကို နောက်ထပ်တစ်ကြိမ် တွန်းထိုးခဲ့ပြန်သည်။ 

ယဲလ်ဆွန်မာတင်၏ လုပ်ရပ်ကို ပြင်သစ်လီဂူးအဖွဲ့ချုပ်က စုံးစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ယခုအခါ  (၆)လပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ပြင်သစ်လီဂူးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် "ကွင်းလယ်ဒိုင်ကို တွန်းထိုးခဲ့သည့် ယဲလ်ဆွန်မာတင်၏ လုပ်ရပ်ကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဖေဖော်ဝါရီလ (၆)ရက်မှ စတင်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယဲလ်ဆွန်မာတင်ကို (၆)လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ပြစ်ဒဏ်ကာလမှာ ဖေဖော်ဝါရီ (၆) ရက်မှ စတင်ကာ အကျုံးဝင်မည်ဖြစ်ကြောင်း"ပါရှိသည်။ 

မိုနာကိုအသင်းက ယဲလ်ဆွန်မာတင်၏ လုပ်ရပ်ကို မိမိတို့အနေဖြင့် ရှုတ်ချကြောင်းနှင့် ပြင်သစ်လီဂူးအဖွဲ့ချုပ်က ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှာ များလွန်းကြောင်း ထုတ်ပြန်ခဲ့သည်။ 

ယဲလ်ဆွန်မာတင်သည် နီးစ်အသင်းနှင့်ပွဲအပြီးတွင် သူ၏ လုပ်ရပ်အတွက် တောင်းပန်ခဲ့ပြီး၊ ယင်းမှာ လုံးဝလက်ခံနိုင်စရာမရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ 

 

Most Read

Most Recent