ဆီမြွန်နီနေရာတွင် အစားထိုးရန် ဝုလ်ဗ်နည်းပြ နူနိုဆန်တိုကို အက်သလက်တီကို ပစ်မှတ်ထား

ဆီမြွန်နီနေရာတွင် အစားထိုးရန် ဝုလ်ဗ်နည်းပြ နူနိုဆန်တိုကို အက်သလက်တီကို ပစ်မှတ်ထား
Photos: EPA & Getty Images
Photos: EPA & Getty Images
Published 6 March 2020

အက်သလက်တီကိုမက်ဒရစ်အသင်းသည် အသင်းနည်းပြ ဆီမြွန်နီ PSG အသင်းသို့ ပြောင်းရွှေ့သွားပါက ၎င်း၏နေရာတွင် အစားထိုးရန် ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုကို ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

PSG အသင်းနည်းပြ တူဟယ်လ်သည် နေမာ၊ ဘာပေတို့ကို ကိုင်တွယ်ရာတွင် ပြဿနာများ ရှိနေသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကျဆုံးခဲ့ပါက ရာထူးမှ ထုတ်ပယ်ရနိုင်သည်ဟု ပြင်သစ်မီဒီယာများက သုံးသပ်နေကြသည်။ 

PSG အသင်းသည် တူဟယ်လ်အား ရာထူးမှ ထုတ်ပယ်ခဲ့ပါက ၎င်းနေရာတွင် အက်သလက်တီကိုနည်းပြ ဆီမြွန်နီကို အစားထိုးခန့်အပ်ရန် အလိုရှိနေကြောင်း သိရသည်။ 

အက်သလက်တီကိုအသင်းသည် ဆီမြွန်နီကိုသာ လက်လွှတ်ခဲ့ရမည်ဆိုပါက ဝုလ်ဗ်နည်းပြ နူနိုဆန်တိုဖြင့် အစားထိုးရန် အလိုရှိနေခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

အသက် (၄၆)နှစ်အရွယ်ရှိ ပေါ်တူဂီလူမျိုးနည်းပြ နူနိုဆန်တိုသည် ဝုလ်ဗ်အသင်းကို ၂၀၁၇ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ပထမရာသီမှာပင် ဝုလ်ဗ်အသင်းကို ပရီးမီးယားလိဂ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သလို၊ ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်တွင် ဝုလ်ဗ်အသင်းကို အဆင့် (၇)နေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။ 

Most Read

Most Recent