ဖီဖာမှ ချမှတ်ထားသော ပြစ်ဒဏ်အတွက် အယူခံဝင်ရာတွင် ပလာတီနီ ရှုံးနိမ့်ခဲ့

ဖီဖာမှ ချမှတ်ထားသော ပြစ်ဒဏ်အတွက် အယူခံဝင်ရာတွင် ပလာတီနီ ရှုံးနိမ့်ခဲ့
Photo: EPA
Photo: EPA
Published 6 March 2020

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဥက္ကဋ္ဌဟောင်း ပလာတီနီသည် ဖီဖာမှ ချမှတ်ထားသော ပြစ်ဒဏ်အတွက် ဥရောပလူ့အခွင့်အရေးတရားရုံးသို့ အယူခံဝင်ခဲ့ရာ ရှုံးနိမ့်သွားခဲ့ကြောင်း သိရသည်။ 

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဥက္ကဋ္ဌဟောင်း ပလာတီနီသည် ဖီဖာမှ ချမှတ်ထားသော ပြစ်ဒဏ်အတွက် ဥရောပလူ့အခွင့်အရေးတရားရုံးသို့ အယူခံဝင်ခဲ့ရာ ရှုံးနိမ့်သွားခဲ့ကြောင်း သိရသည်။ 

ပလာတီနီသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌဟောင်း ဘလတ္တာထံမှ တရားမဝင်ငွေကြေး ယူရို(၁.၈)သန်း လက်ခံရယူခဲ့မှုဖြင့် ဖီဖာမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

မူလက ဘောလုံးလောကနှင့်ပတ်သက်ခွင့် (၈)နှစ်ပိတ်ပင်ခံခဲ့ရသော်လည်း (၄)နှစ်သို့ လျှော့ချပေးခဲ့သည်။ 

သို့သော် ပလာတီနီက နိုင်ငံတကာ အားကစားခုံရုံး(CAS)ထံ အယူခံဝင်ခဲ့ရာ ပယ်ချခံရ၍ လူ့အခွင့်အရေးတရားရုံးထံ အယူခံထပ်ဝင်ခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ ယင်းအယူခံလည်း ရှုံးနိမ့်သွားခဲ့သောကြောင့် ကျန်ရှိသည့်ဒဏ်ကြေးကို ပေးဆောင်သွားရမည်ဟု သိရသည်။ 

 

Most Read

Most Recent