ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ယှဉ်ပြိုင်မည့် ပေါ်တူဂီကြက်တောင်ပြိုင်ပွဲ ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ယှဉ်ပြိုင်မည့် ပေါ်တူဂီကြက်တောင်ပြိုင်ပွဲ ရွှေ့ဆိုင်း
Photos: Thet Htar Thuzar Facebook
Photos: Thet Htar Thuzar Facebook
Published 4 March 2020

သက်ထားသူဇာသည် ယင်းပြိုင်ပွဲအပါအဝင် ဥရောပနိုင်ငံများ$ ပြိုင်ပွဲများယှဉ်ပြိုင်ရန် မတ် ၂ ရက် နံနက်အစောပိုင်းက ကင်ညာ နိုင်ငံမှ ပေါ်တူဂီနိုင်ငံသို့ ထွက်ခွာသွားသော်လည်း ပေါ်တူဂီနိုင်ငံသို့ ရောက်ရှိပြီးမှ ယင်းပြိုင်ပွဲကို ရွှေ့ဆိုင်းကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဥရောပငါးနိုင်ငံတွင် ပြိုင်ပွဲများယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲနှစ်ခု ပျက်ပြယ်ခဲ့ပြီး ပေါ်တူဂီမတိုင်မီ ပိုလန်နိုင်ငံ၌ ကျင်းပမည့် International Series ပြိုင်ပွဲ မှာ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် ပေါ်တူဂီကြက်တောင်ပြိုင်ပွဲမှာ ကိုရိုနာဗိုင်းရပ်စ် ( Covid-19 ) ကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

သက်ထားသူဇာသည် ယင်းပြိုင်ပွဲအပါအဝင် ဥရောပနိုင်ငံများ$ ပြိုင်ပွဲများယှဉ်ပြိုင်ရန် မတ် ၂ ရက် နံနက်အစောပိုင်းက ကင်ညာ နိုင်ငံမှ ပေါ်တူဂီနိုင်ငံသို့ ထွက်ခွာသွားသော်လည်း ပေါ်တူဂီနိုင်ငံသို့ ရောက်ရှိပြီးမှ ယင်းပြိုင်ပွဲကို ရွှေ့ဆိုင်းကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဥရောပငါးနိုင်ငံတွင် ပြိုင်ပွဲများယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲနှစ်ခု ပျက်ပြယ်ခဲ့ပြီး ပေါ်တူဂီမတိုင်မီ ပိုလန်နိုင်ငံ၌ ကျင်းပမည့် International Series ပြိုင်ပွဲ မှာ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

ပေါ်တူဂီနိုင်ငံ၌ မတ် ၅ ရက်မှ ၈ ရက်အထိ ကျင်းပမည့် International Series ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာသည် ချက်နှင့် ဆွစ်ဇာလန်နိုင်ငံ၌ ပြိုင်ပွဲများယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ပေါ်တူဂီနိုင်ငံ၌ ဆက်လက်နေ ထိုင်ကာ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည်။ 

" ပေါ်တူဂီပြိုင်ပွဲ ရွှေ့ဆိုင်းလိုက်တယ်ဆိုတာ လစ္စဘွန်းလေဆိပ်ကိုရောက်မှ သိရတာပါ။ ကြက်တောင်အားကစားသမား တော်တော်များများလည်း လေဆိပ်ရောက်မှ သိရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ပေါ်တူဂီမှာ ဟိုတယ်အခန်းခတွေရှင်းပြီး ဖြစ်တာကြောင့် ဒီမှာပဲဆက်ပြီးနေထိုင်လေ့ကျင့်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့စီစဉ်ထားတဲ့ ပြိုင်ပွဲတွေထဲက ပိုလန်ပြိုင်ပွဲပျက်သွားတာက ကင်ညာနိုင်ငံမှာကတည်းက သိထားတာကြောင့် ခရီးစဉ်အပြောင်းအလဲတွေလုပ်ခဲ့ရပါတယ်။ အခုပေါ်တူဂီပြိုင်ပွဲက ထပ်ပျက်သွားတော့ ချက်နဲ့ ဆွစ်ဇာလန်ပြိုင်ပွဲတွေပဲ ယှဉ်ပြိုင်ရတော့မှာပါ။ ဒီပြိုင်ပွဲ ကျင်းပဖြစ်လားဆိုတာ မေးမြန်းထားပါတယ်။ ဆွစ်ဇာလန်ပြိုင်ပွဲကတော့ ပရိသတ်မပါဘဲ ကျင်းပမယ်လို့ အကြောင်းပြန်ထားပြီး ချက်ပြိုင်ပွဲနဲ့ပတ်သက်ပြီး အကြောင်းပြန်တာမရှိသေးပါဘူး။ မတ် ၉ ရက်မှာ ပေါ်တူဂီကနေ ချက်နိုင်ငံကို ထွက် ခွာမှာပါ" ဟု သက်ထားသူဇာ၏ဖခင် ဦးထွန်းထွန်းဇော်က Eleven Sports ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

သက်ထားသူဇာနှင့် သူမ၏ဖခင်သည်  ပေါ်တူဂီနိုင်ငံ Caldas Da Raonha မြို့၌ လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး လစ္စဘွန်းလေဆိပ် မှ ကားဖြင့် မိနစ် ၉၀ ဝန်းကျင် သွားရောက်ရကြောင်း သိရသည်။ သက်ထားသူဇာသည်  မတ် ၁၂ ရက်မှ ၁၅ ရက်အထိ ချက်နိုင်ငံ၌ ကျင်းပမည့် International Series ပြိုင်ပွဲ၊ မတ် ၁၇ ရက်မှ ၂၂ ရက်အထိ ဆွစ်ဇာလန် နိုင်ငံ၌ ကျင်းပမည့် HSBC BWF World Tour Super 300 ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

 

Most Read

Most Recent