တူးတူးမှလွဲ၍ ကျန်လက်ဝှေ့သမားအားလုံးကို ရင်ဆိုင်သွားမည်ဟု ရွှေရာမာန် ကြုံးဝါး

တူးတူးမှလွဲ၍ ကျန်လက်ဝှေ့သမားအားလုံးကို ရင်ဆိုင်သွားမည်ဟု ရွှေရာမာန် ကြုံးဝါး
Photos: Myanmar Lethwei Collection
Photos: Myanmar Lethwei Collection
Published 3 March 2020

 

 

မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲများတွင် ဆက်တိုက်အနိုင်ရနေပြီး လာမည့်ဧပြီတွင် ထွန်းထွန်းမင်းနှင့်ထိုးသတ်ရန် စီစဉ်ထားသည့် ရွှေရာမာန်က တူးတူးမှလွဲ၍ ကျန် လက်ဝှေ့သမားအားလုံးကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုသည်။

ရွှေရာမာန်သည် ဝိတ်တန်း ကီလို ၇၀ အထက်ရှိသည့် ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်ပြီး နောက်ဆုံးထိုးသတ်ခဲ့သော ပွဲစဉ်နှစ်ပွဲကိုလည်း အလဲထိုးဖြင့် အနိုင်ရထားသူဖြစ်သည်။ 

''ချန်ပီယံဖြစ်ဖို့အတွက် အားလုံးကို စိန်ခေါ်ပြီး ထိုးသတ်သွားမှာပါ။ အစ်ကိုလို၊ ဆရာလိုဖြစ်နေတဲ့ တူးတူးကလွဲရင် ကျန်တဲ့ လက်ဝှေ့သမားတွေအားလုံးကို ရင်ဆိုင်သွားမှာပါ''ဟု ရွှေရာမာန်က ပြောကြားသည်။ 

ရွှေရာမာန်သည် ယခုလအတွင်း မွေထိုင်းလက်ဝှေ့သမား ဖားပရပ်၊ ဘရာဇီးလ်လက်ဝှေ့သမား သီအိုတို့နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး မြန်မာပြည်ချန်ပီယံဟောင်း ထွန်းထွန်းမင်း နှင့်ပွဲစဉ်ကိုလည်း ဧပြီ ၇ ရက်တွင် မွန်ပြည်နယ် ရေးမြို့ရှိ သောင်ပြင်ကျေးရွာတွင် ယှဉ် ပြိုင်ကြမည်ဖြစ်သည်။ 

အဆိုပါပွဲစဉ်တွင် အဓိကတွဲဆိုင်းအဖြစ် ရွှေရာမာန်နှင့် ထွန်းထွန်းမင်းတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အခြားတွဲဆိုင်းများအဖြစ် ထွန်းမင်းနိုင်နှင့် ထွန်းလွင်မိုး၊ စောမင်းနိုင်နှင့် ယှူးခလိန်းမင်းတို့၏ တွဲဆိုင်းများအပါအဝင် အခြားတွဲဆိုင်း များ၊ လေးယောက်တွဲ အောင်လံလုပွဲများနှင့် အနုပညာရှင်များ၏ ဖျော်ဖြေမှုလည်း ပါဝင်ကြောင်း သိရသည်။ 

 

 

Most Read

Most Recent