ဂျာမန်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Published 3 March 2020

 

ဆာဘရွတ်အင် နှင့် ဒစ်ဆယ်ဒေါ့ဖ် (အင်္ဂါည ၁၂းဝ၀ နာရီ)

ပြိုင်ဘက်(၂)သင်းအကြားမှာ အဆင့်အတန်းချင်းကွာလွန်းပါတယ်။ ဒစ်ဆယ်ဒေါ့ဖ်အနေနဲ့ ဘွန်ဒစ်လီဂါမှာ တန်းဆင်းဇုန် အန္တရာယ်ရှိတယ်ဆိုပေမယ့် နှစ်ပေါင်း(၃၀)ကျော်ကြာ ဂျာမန်ဖလား ဆီမီးဖိုင်နယ်အဆင့်နဲ့ဝေးကွာနေမှုကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးကို လက်လွတ်ခံမယ်မထင်ပါဘူး။ ဒစ်ဆယ်ဒေ့ါဖ်ဘက်ကပဲ ရပ်တည်သင့်တယ်။

ရှော်လ်ကေး နှင့် ဘိုင်ယန်မြူးနစ် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

အခုရာသီအတွင်း ဘွန်ဒစ်လီဂါ(၂)ကျော့စလုံး ကစားထားခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းက (၂)ပွဲစလုံး ဂိုးပြတ်အနိုင်ရထား ခဲ့တယ်။ ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်ခ်က ဟော်ဖန်ဟင်မ်နဲ့ပွဲမှာ အသုံးပြုခဲ့တဲ့ Line-up နဲ့ပဲ အခုပွဲကို ဆက်လက်ပွဲထွက်လာ ဖို့များတယ်။ လီဝန်ဒေါစကီး ဒဏ်ရာရနေပေမယ့် လက်ရှိအနေအထားအရ ဘိုင်ယန်အဖို့ ပြည်တွင်းပွဲတွေမှာ ပြဿနာမရှိလောက်ပါဘူး။ ကော်တင်ဟို ဂိုးပေါက်ပြန်တွေ့ထားပြီး နာဘရီကလည်း နောက်ဆုံး(၄)ပွဲမှာ (၆)ဂိုးသွင်းထားတဲ့အထိ ခြေစွမ်းပြနေတယ်။ ရှော်လ်ကေးကတော့ ဒဏ်ရာပြဿနာတွေကြား နစ်မွန်းနေပြီး အသင်းစိတ်ဓာတ်ပိုင်းပါ ထိခိုက်နေနိုင်တာ သတိပြုရမယ်။ ဘိုင်ယန် ဂိုးပြတ်နိုင်ဖို့များတယ်။

 

Most Read

Most Recent