ယာဉ်တိုက်မှုဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် နဂါးမင်းလက်ဝှေ့ကလပ်မှ ကစားသမားများ၏အခြေအနေ မစိုးရိမ်ရ

ယာဉ်တိုက်မှုဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် နဂါးမင်းလက်ဝှေ့ကလပ်မှ ကစားသမားများ၏အခြေအနေ မစိုးရိမ်ရ
Photos : Myanmar Rescue Organization - Hpa An Facebook
Photos : Myanmar Rescue Organization - Hpa An Facebook
Published 3 March 2020

မတ်လ(၂)ရက်နေ့ညက ယာဉ်တိုက်မှုဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိခဲ့သော ဘားအံအခြေစိုက် နဂါးမင်းရိုးရာလက်ဝှေ့ကလပ်မှ ကစားသမားများ၏အခြေအနေသည် စိုးရိမ်ဖွယ်ရာမရှိကြောင်း Myanmar Rescue Hpa Anမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

မတ်လ(၂)ရက်နေ့ ည(၉)နာရီခန့် ဘားအံမြို့နယ် အိန္နဲကျေးရွာဆိုင်းဘုတ်ရှေ့တွင် နဂါးမင်းလက်ဝှေ့ကလပ်မှ ကစားသမားများ စီးနင်လာသောကားနှင့် အခြားကားတစ်စီး ခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း(၇)ဦး ဒဏ်ရာရရှိခဲ့သည်။

၎င်းတို့ကို Myanmar Rescue Hpa Anမှ တာဝန်ရှိသူများက ဘားအံပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သူမရှိသောကြောင်​့ အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း Myanmar Rescue Hpa Anမှ တာဝန်ရှိသူတစ်ဦးက Eleven Sportsသို့ အတည်ပြု ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် ကစားသမား (၇)ဦးမှာ ဒဏ်ရာမပြင်းထန်ခဲ့သောကြောင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း ဘားအံပြည်သူ့ဆေးရုံကြီးတာဝန်ရှိသူများ​၏ခွင့်ပြုချက်ဖြင့် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါကစားသမားများ​၏ဒဏ်ရာအခြေအနေအပေါ် ဘားအံမြို့ခံတာဝန်ရှိသူများက စောင့်ကြည့်လျက်ရှိကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ခုံဒိုင် ဦးအောင်မွန်က ပြောကြားခဲ့သည်။

 

Most Read

Most Recent