ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဖေဖော်ဝါရီ ၂၅ ရက်၌ စတင်ဆွေးနွေးရန်လျာထားပြီး အမည်စာရင်းသွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် ၂၈၂ ဦးမှ လျှော့ချ၍၁၄၉ ဦး ဆွေးနွေးခွင့်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဖေဖော်ဝါရီ ၂၅ ရက်၌ စတင်ဆွေးနွေးရန်လျာထားပြီး အမည်စာရင်းသွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် ၂၈၂ ဦးမှ လျှော့ချ၍၁၄၉ ဦး ဆွေးနွေးခွင့်ပြု
Published 22 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး  ဖေဖော်ဝါရီ ၂၅ ရက်၌ စတင်ဆွေးနွေးရန် လျာထားပြီး ဆွေးနွေးရန် အမည်စာရင်းသွင်း ထားသည့် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များအပါအဝင် လွှတ်တော်ကိုယ်စား လှယ်စုစုပေါင်း  ၂၈၂ ဦးမှ ၁၃၀ ခန့်လျှော့ချ ၍ ၁၄၉ ဦး ဆွေးနွေးခွင့်ပြုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်း ဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားသည့် တပ်မတော်သားကိုယ် စားလှယ် ၁၆၄ ဦး၊ NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် ၆၉ ဦးနှင့် အခြားသောနိုင်ငံ ရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်  ၄၉ ဦး စုစုပေါင်း ၂၈၂ ဦးထဲမှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်နှင့် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၅၀ ဦးစီ နှင့် အခြားသောနိုင်ငံရေးပါတီများမှ လွှတ် တော်ကိုယ်စားလှယ် ၄၉ ဦးအား ဆွေးနွေး ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးဆွေးနွေးရာတွင် ဥပဒေမူကြမ်းတွင် ပါဝင် သည့် ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် ဆွေး နွေးရန် ခွင့်ပြုချိန် ရှစ်မိနစ်နှုန်းဖြင့် သတ်မှတ် ထားကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီ ခွန်မြတ်က ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအ ကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများ လေ့ လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့အစီရင် ခံစာ နောက်ဆက်တွဲ ဇ (၁) နဲ့ စျ (၁) တို့ပါ ပြင်ဆင်တဲ့ဥပဒေမူကြမ်းများအပေါ် ဆွေး နွေးဖို့ တစ်ဦးလျှင် ရှစ်မိနစ်နှုန်းနဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၄၉ ဦး အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပ ဒေ ၁၃၇ နှင့်အညီ သတ်မှတ်လျာထားပြီး ဖြစ် ပါတယ်”ဟု ဦးတီခွန်မြတ်က ပြောကြား သည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ဆိုင် ရာ နည်းဥပဒေ ၁၃၈ တွင် နည်းဥပဒေ ၁၃၇ အရ ဆွေးနွေးခွင့်ရရှိသော လွှတ်တော်ကိုယ် စားလှယ်များသည် ဆွေးနွေးရာတွင် ဆွေး နွေးခွင့်ပြုသည့် သတ်မှတ်ချိန်အတွင်း ဆွေး နွေးရမည်ဖြစ်ပြီး ယင်းပြင်ဆင်သည့်ဥပဒေ မူကြမ်း၌ပါရှိသော ပုဒ်မများပါ ကိစ္စရပ်များမှ အပ အခြားမည်သည့်ကိစ္စကိုမျှ ထည့်သွင်း ဆွေးနွေးခြင်းမပြုရန် သတ်မှတ်ပြဋ္ဌာန်းထား ကြောင်း၊ ဥပဒေမူကြမ်းများအပေါ် ဆွေးနွေး ကြသည့်အခါ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေဖြင့် နိုင်ငံရေးပါတီအဖွဲ့အ စည်းတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ တိုင်းရင်းသား လူမျိုးစုတစ်ခုခုကို ထိခိုက်စေ မည့်အသုံးအနှုန်း ပြောဆိုချက်များ မပါရှိ အောင် ဂရုပြုဆင်ခြင်ကြရန်လိုကြောင်း ဦးတီ ခွန်မြတ်က ပြောကြားသည်။

လွှတ်တော်နှင့် လွှတ်တော်ကိုယ်စား လှယ်များ၏ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ဆွေး နွေးကြရန်နှင့် အခြားမသက်ဆိုင်သော အ ကြောင်းအရာများကို ထည့်သွင်းဆွေးနွေး ခြင်းမပြုကြရန် ကြိုတင်အသိပေး၍ အလေး ထားမှာကြားလိုကြောင်း၊ လွှတ်တော်အတွင်း  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း စဉ်များ ဆောင်ရွက်ခဲ့ရာတွင် နာယကအပါအ ဝင် တာဝန်ရှိသူများအနေဖြင့် အဘက်ဘက် က လေ့လာစဉ်းစားသုံးသပ်ပြီး ဖွဲ့စည်းပုံအ ခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများပါ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့် ညီညွှတ်သော၊ မဆန့် ကျင်သောနည်းလမ်းများကို ချပြဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း ဦးတီခွန်မြတ်က ပြောကြား သည်။

“လက်ရှိအခြေအနေမှာ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်နေပါတယ်။ ပြင်ဆင်တဲ့ဥပဒေမူကြမ်း များ တင်သွင်းထားတဲ့ အစုအဖွဲ့များအပါအ ဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံးအ တွက် တူညီတဲ့အခွင့်အရေးကို ဥပဒေနည်း ဥပဒေနှင့်အညီ ရယူအသုံးပြုနိုင်တဲ့ အခြေ အနေဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ် တော်နာယက က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယကတစ် ဦးအနေနှင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး လွှတ်တော်၏ လုပ်ငန်းတာဝန်တစ်ခုချင်းစီအတွက် အခြေ အနေနှင့် အချိန်အခါအားလုံးကို စဉ်းစားသုံး သပ်ပြီး လုပ်နိုင်သမျှ ပြီးပြတ်ကျေ>ပန်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ယင်းသို့ဆောင်ရွက်သည့်နေရာတွင် လွှတ် တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ခြင်း သည် နာယကတစ်ဦးတည်း၏ဆုံးဖြတ်ချက် မဟုတ်ဘဲ လွှတ်တော်၏ အတည်ပြုချက်ဖြစ် ကြောင်း ဦးတီခွန်မြတ်က အသိပေးခဲ့သည်။

 ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် လွှတ်တော်၏ လျာ ထားချက်၌ ဖေဖော်ဝါရီ ၂၅ ရက်တွင် ၁၅ ဦး၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဦးရေ ၂၀၊ ဖေဖော် ၀ါရီ ၂၇ ရက်တွင် ဦးရေ ၃၀၊ ဖေဖော်ဝါရီ ၂၈ ရက် တွင် ၁၅ ဦး၊ မတ် ၃ ရက်မှ ၅ ရက်အထိ တစ် ရက်လျှင် လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးစီဖြင့် ဆွေးနွေးရန်ဖြစ်သည်။

 

 

 

Most Read

Most Recent