တံကောက်ကြောဒဏ်ရာကြောင့် ဟန်ဒါဆန် (၃)ပတ်ခန့် အနားယူရမည် 

တံကောက်ကြောဒဏ်ရာကြောင့် ဟန်ဒါဆန် (၃)ပတ်ခန့် အနားယူရမည် 
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 21 February 2020

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်သည် တံကောက်ကြောဒဏ်ရာကြောင့် (၃)ပတ်ခန့် အနားယူရမည်ဟု အသင်းနည်းပြ ကလော့ပ်က အတည်ပြုပြောကြားခဲ့သည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်သည် ဖေဖော်ဝါရီ (၁၈)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ် အက်သလက်တီကို (၁-၀) လီဗာပူးလ်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန်မိနစ် (၈၀)၌ ဂျိမ်းစ်မီလ်နာနှင့် လူစားလဲခဲ့ရသည်။ 

လီဗာပူးလ်အသင်းသည် ဟန်ဒါဆန်၏ ဒဏ်ရာကို ယနေ့တွင် စစ်ဆေးခဲ့ပြီး ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ 

ကလော့ပ်က "ဟန်ဒါဆန်ရဲ့ ဒဏ်ရာဟာ ဒီထက်ဆိုးသွားနိုင်ပေမယ့် ကံကောင်းတာက ထင်သလောက် မဆိုးပါဘူး။ သူ့အနေနဲ့ (၃)ပတ်လောက်တော့ အနားယူရပါလိမ့်မယ်။ ဒါက သိပ်တော့ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ဒါဆန်အတွက် ဒီလောက်ဖြစ်တာပဲ ကံကောင်းတယ်လို့ ဆိုရမှာပါ"ဟု ပြောကြားခဲ့သည်။ 

ဟန်ဒါဆန်သည် ယခုရာသီတွင် လီဗာပူးလ်အသင်းကို အကောင်းဆုံးဦးဆောင်ကစားနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၃၄)ပွဲတွင် (၃)ဂိုး သွင်းယူထားသည်။ 

ဟန်ဒါဆန်သည် ၂၀၁၉-၂၀ ရာသီ PFA အကောင်းဆုံးကစားသမားဆုအတွက် အသင်းဖော် မာနေ၊ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားတို့နှင့်အပြိုင် ရေပန်းစားနေသူဖြစ်သည်။ 

 

 

Most Read

Most Recent