စာချုပ်သစ်အတွက် ရာမို့စ်နှင့် ဆွေးနွေးရန် ရီးယဲလ် ငြင်းဆန်

စာချုပ်သစ်အတွက် ရာမို့စ်နှင့် ဆွေးနွေးရန် ရီးယဲလ် ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 21 February 2020

ရီးယဲလ်အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ်သည် သက်တမ်းတိုးစာချုပ်သစ်အတွက် ဆွေးနွေးရန် တောင်းဆိုခဲ့ရာ ရီးယဲလ်အသင်းက ငြင်းဆန်လိုက်ကြောင်း သိရသည်။ 

ရီးယဲလ်အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ်သည် သက်တမ်းတိုးစာချုပ်သစ်အတွက် ဆွေးနွေးရန် တောင်းဆိုခဲ့ရာ ရီးယဲလ်အသင်းက ငြင်းဆန်လိုက်ကြောင်း သိရသည်။ 

ရာမို့စ်သည် ၂၀၂၁ ခုနှစ်တွင် ရီးယဲလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ သက်တမ်း တိုးရန် ဆန္ဒရှိနေသည်။ 

သို့ရာတွင် အသက်(၃၃)နှစ်ရှိနေပြီဖြစ်သည့် ရာမို့စ်ကို သက်တမ်းတိုးရန် ရီးယဲလ်အသင်းက လာမည့်ရာသီမှသာ ဆွေးနွေးသွားလိုကြောင်း သိရသည်။ 

ရီးယဲလ်အသင်းသည် အသက်(၃၂)နှစ်အထက် ကစားသမားများကို (၁)နှစ်ချင်းသာ သက်တမ်းတိုးလေ့ရှိသောကြောင့် ရာမို့စ်၏ဆန္ဒကို လိုက်လျောပေးဖွယ်မရှိကြောင်းလည်း သိရသည်။

စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် ၂၀၀၅ ခုနှစ်တွင် ဆီဗီလာအသင်းမှ ရီးယဲလ်အသင်းသို့ ယူရို (၂၇)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး (၁၅)ရာသီအတွင်း ပြိုင်ပွဲစုံ (၆၃၆)ပွဲတွင် (၉၁)ဂိုးသွင်းယူထားသည်။

 

 

Most Read

Most Recent