ယနေ့ကစားမည့် ဥရောပလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် ဥရောပလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 21 February 2020

ဘိုင်ယန်မြူးနစ် - ပါဒါဘွန်း (စနေနံနက် ၂:၀၀ နာရီ)

ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ ကစားဖို့ရှိလို့ ဘိုင်ယန်အသင်း ဖိဖိစီးစီးကစားပါ့မလား။ ပါဒါဘွန်းနဲ့ စွန့်စားတာ ပိုကောင်းမယ်။ 

 

ဘရက်စီယာ - နာပိုလီ (စနေနံနက် ၂:၁၅ နာရီ)

နာပိုလီရဲ့ ခြေစွမ်းက မှန်းဆရခက်နေဆဲပဲ။ မာတင်စ် ဂိုးတွေပြန်သွင်းလာနိုင်တာ အားတက်စရာဖြစ်ပေမယ့် ခံစစ်က  စိတ်မချရသေးဘူး။ ဘရက်စီယာက တန်းဆင်းဇုန်နှုတ်ခမ်းဝကို ရောက်ရှိနေပြီး စီးရီးအေနောက်ဆုံး (၉)ပွဲဆက် နိုင်ပွဲပျောက်ဆုံး ထားတယ်။ ဘရက်စီယာနဲ့ နောက်ဆုံး (၈)ပွဲဆက်မရှုံးသေးတဲ့ အစဉ်အလာအရ ဒီပွဲမှာလည်း နာပိုလီ ရလဒ်ကောင်းပါဦးမယ်။  (၂)ဂိုးပြတ်ဖို့တော့ ခက်တယ်။ 

 

ဘက်တစ် - မာယော့ကာ (စနေနံနက် ၂:၃၀ နာရီ)

မာယော့ကာရဲ့ လက်ရှိအဝေးကွင်းခြေစွမ်းနဲ့တော့ ဘက်တစ်ကို ယှဉ်နိုင်ဖို့မလွယ်လှပါဘူး။ အထူးသဖြင့် အဝေးကွင်းမှာ တိုက်စစ်အားပျော့သွားပုံနဲ့တော့ ဘက်တစ်အတွက် စိတ်ကြိုက်တွေ့စရာပါပဲ။ ဘက်တစ်နဲ့ ဂိုးအများပဲကောင်းမယ်။

 

 

Most Read

Most Recent