ပြိုင်ဘက်ကစားသမား၏ငယ်ပါကို ကိုက်ခဲ့သည့် ပြင်သစ်အပျော်တမ်းဘောလုံးသမားတစ်ဦးကို ဘောလုံးကစားခွင့် (၅)နှစ်ပိတ်ပင်

ပြိုင်ဘက်ကစားသမား၏ငယ်ပါကို ကိုက်ခဲ့သည့် ပြင်သစ်အပျော်တမ်းဘောလုံးသမားတစ်ဦးကို ဘောလုံးကစားခွင့် (၅)နှစ်ပိတ်ပင်
Published 20 February 2020

ပြင်သစ်အရှေ့ပိုင်း Moselle ရှိ ဒေသတွင်းအမှတ်ပေးပြိုင်ပွဲတစ်ခုတွင် ပြိုင်ဘက်ကစားသမား၏ငယ်ပါကို ကိုက်ခဲ့သည့် ပြင်သစ်အပျော်တမ်းဘောလုံးသမားတစ်ဦးကို (၅)နှစ်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

နိုဝင်ဘာ(၁၇)ရက်က ကစားခဲ့သည့် Terville အသင်းနှင့် Soetrich အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည့်ပွဲအပြီး ကားပါကင်တွင် Terville အသင်းမှကစားသမားနှင့် Soetrich အသင်းမှ ကစားသမားတို့ ခိုက်ရန်ဖြစ်ပွားခဲ့သောကြောင့် Tervilleအသင်းမှ ဝင်ရောက်ဖျန်ဖြေချိန်တွင် Soetrichအသင်းကစားသမားမှာ ဖျန်ဖြေပေးသူ၏ ငယ်ပါကို ကိုက်ခဲ့ခြင်းဖြစ်သည်။

Soetrichအသင်းကစားသမား၏အမည်ကို ယင်းသတင်းတွင် ဖော်ပြထားခြင်းမရှိဘဲ ဘောလုံးကစားခွင့်(၅)နှစ်ပိတ်ပင်မှုကိုသာ ရေးသားခဲ့သည်။

ဖျန်ဖြေပေးသည့်ကစားသမားမှာ ဒဏ်ရာကို (၁၀)ချက် ချုပ်ခဲ့ရပြီး (၄)ရက်ကြာ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ရန်ပွဲစတင်ရာတွင်ပါဝင်သည့် Terville အသင်းကစားသမားမှာ ဒဏ်ရာများရရှိခဲ့သော်လည်း ဘောလုံးကစားခွင့်(၆)လပိတ်ပင်သည့်ပြစ်ဒဏ် ကျခံခဲ့ရသည်။

ယင်းပွဲကို Terville အသင်း၏အိမ်ကွင်းတွင် ကစားခြင်းဖြစ်ပြီး ဇယားအောက်ဆုံးရောက်နေသည့် Terville အသင်းမှာ ပထမဆုံးရမှတ်ရရှိခဲ့သော်လည်း (၂)မှတ်လျှော့ပြစ်ဒဏ်နှင့် ဒဏ်ငွေ ယူရို(၂၀၀)တပ်ရိုက်ခဲ့မှုကြောင့် (-၁)မှတ်ဖြင့်သာ ရပ်တည်လျက်ရှိနေသည်။

Most Read

Most Recent