ဆွန်ဟောင်မင် ရာသီကုန်အထိနားရမည်ဖြစ်၍ ရွေးချယ်စရာမရှိတော့ဟု မော်ရင်ဟို ညည်းတွား

ဆွန်ဟောင်မင် ရာသီကုန်အထိနားရမည်ဖြစ်၍ ရွေးချယ်စရာမရှိတော့ဟု မော်ရင်ဟို ညည်းတွား
Photos: AFP
Photos: AFP
Published 19 February 2020

စပါးအသင်းတွင် အဓိကတိုက်စစ်မှူး ဟာရီကိန်းမှာ တံကောက်ကြောဒဏ်ရာကြောင့် ဇန်နဝါရီကတည်းက အနားယူနေရပြီး ဧပြီလကုန်ပိုင်းမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိသလို ဆွန်ဟောင်မင်မှာလည်း လက်အရိုးကျိုးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေခြင်းဖြစ်သည်။ 

 

စပါးအသင်းနည်းပြ မော်ရင်ဟိုက အားထားရသည့် တောင်ပံကစားသမား ဆွန်ဟောင်မင် လက်အရိုးကျိုးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်၍ တိုက်စစ်အတွက် ရွေးချယ်စရာမရှိတော့ကြောင်း ညည်းတွား ပြောကြားခဲ့သည်။

စပါးအသင်းတွင် အဓိကတိုက်စစ်မှူး ဟာရီကိန်းမှာ တံကောက်ကြောဒဏ်ရာကြောင့် ဇန်နဝါရီကတည်းက အနားယူနေရပြီး ဧပြီလကုန်ပိုင်းမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိသလို ဆွန်ဟောင်မင်မှာလည်း လက်အရိုးကျိုးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေခြင်းဖြစ်သည်။ 

ဆွန်ဟောင်မင်သည် ဖေဖော်ဝါရီ ၁၆ ရက်က ဗီလာအသင်းနှင့်ပွဲ၌ ပွဲအစမှာပင် ယာဘက်လက်ဒဏ်ရာရရှိခဲ့သော်လည်း ပွဲပြီးဆုံးချိန်အထိ ပါဝင်ကစားခဲ့ပြီး အရေးပါသည့် ဦးဆောင်ဂိုးနှင့် အနိုင်ဂိုးသွင်းယူပေးခဲ့သည်။ 

၎င်း၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၈ ရက်ကပြုလုပ်သည့် ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက "ဒီရာသီမှာ သူ့ကို ထပ်ပြီးအသုံးပြုခွင့် မရတော့ပါဘူး။ တချို့ကာလတွေမှာ အရန်ခုံမှာ တိုက်စစ်အတွက် ရွေးချယ်စရာမရှိလို့ စိုးရိမ်ခဲ့ဖူးတယ်။ အခုတော့ ကွင်းထဲမှာပါ တိုက်စစ်နေရာအတွက် ရွေးချယ်စရာမရှိ တော့ပါဘူး။ ထရွိုင်ပါရော့က အဆင်သင့်မဖြစ်သေးသလို ရိုင်ယန်ဆီဆက်နွန်ကလည်း တိုက်စစ်မှူးမဟုတ်ပါဘူး။ ကျွန်တော်စရောက်ချိန်မှာ အသင်းက မြေအောက် ၁၂ ထပ်ကို  ရောက်နေပြီး (အဆင့် ၄ နှင့် ၁၂ မှတ်ကွာနေ ခြင်းကိုရည်ရွယ်) လှေကားတွေရလာချိန်မှာ စပြီးတော့ တက်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ် သွားချင်တဲ့ လေးထပ်ကိုရောက်လာချိန်မှာ တစ်စုံတစ်ယောက်က လှေကားတွေကိုဖယ်လိုက်လို့ အခုလောလောဆယ် အခက်အခဲကြုံ နေရပါပြီ။ ကျွန်တော်တို့က လေသာဆောင်မှာ ကိုယ့်လက်ကိုယ်အားကိုးပြီးတော့ ဆွဲထားနေရတာပါ" ဟု ညည်းတွားပြောကြားခဲ့သည်။

 

Most Read

Most Recent