စာချုပ်ကုန်ဆုံးချိန်အထိ မန်စီးတီးအသင်း၌ ဂွါဒီယိုလာ ဆက်နေဖွယ်ရှိဟု ၎င်း၏အေးဂျင့်ဖြစ်သူ ပြောကြား

စာချုပ်ကုန်ဆုံးချိန်အထိ မန်စီးတီးအသင်း၌ ဂွါဒီယိုလာ ဆက်နေဖွယ်ရှိဟု ၎င်း၏အေးဂျင့်ဖြစ်သူ ပြောကြား
Photos: Getty images
Photos: Getty images
Published 19 February 2020

မန်စီးတီးအသင်းသည် ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း စပွန်ဆာစာချုပ်များမှရရှိသည့် ဝင်ငွေကို အမှန်တကယ်ရရှိသောပမာဏ ထက်ပို၍ ဘဏ်စာရင်းအပိုတင်ပြမှုပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) က ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ နှစ်ရာသီတွင် ဥရောပကလပ်အသင်းပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်မပြုရန်နှင့် ဒဏ်ကြေး ယူရိုသန်း ၃၀ ပေး ဆောင်ရန် ပြစ်ဒဏ်ချမှတ်ထားသည်။ 

 

မန်စီးတီးအသင်း ဥရောပပြိုင်ပွဲယှဉ် ပြိုင်ခွင့် နှစ်ရာသီ ပိတ်ပင်သည့်ပြစ်ဒဏ်ချမှတ်ခံထားရသော်လည်း နည်းပြ ဂွါဒီယိုလာအနေဖြင့် စာချုပ်ကုန်ဆုံးချိန်အထိ ဆက်နေဖွယ်ရှိကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ဂျိုးဆက်မာရီယာအိုရိုဘစ်က ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း စပွန်ဆာစာချုပ်များမှရရှိသည့် ဝင်ငွေကို အမှန်တကယ်ရရှိသောပမာဏ ထက်ပို၍ ဘဏ်စာရင်းအပိုတင်ပြမှုပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) က ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ နှစ်ရာသီတွင် ဥရောပကလပ်အသင်းပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်မပြုရန်နှင့် ဒဏ်ကြေး ယူရိုသန်း ၃၀ ပေး ဆောင်ရန် ပြစ်ဒဏ်ချမှတ်ထားသည်။ 

ယင်း ပြစ်ဒဏ်ကို အားကစားဆိုင်ရာခုံရုံး (CAS) ထံ အယူခံဝင်မည်ဖြစ်သော်လည်း အယူခံရှုံးနိမ့်ပါက ဥရောပပြိုင်ပွဲဝင်ခွင့်မရသည့်အပြင် ဝင်ငွေကျဆင်းမှုကြောင့် အဓိက ကစားသမားများကိုပါ လက်လွှတ်ရမည့် အခြေအနေ ရင်ဆိုင်ရဖွယ်ရှိနေသည်။ သို့ ဖြစ်ရာ ဂွါဒီယိုလာအနေဖြင့် စာချုပ်ကုန်ဆုံးချိန် ၂၀၂၁ ခုနှစ်အထိ စောင့်မနေဘဲ ယခု ရာသီကုန်မှာပင် လမ်းခွဲနိုင်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

သို့သော် ၎င်း၏အေးဂျင့် ဂျိုးဆက်မာရီယာအိုရိုဘစ်က "ဂွါဒီယိုလာက သူ့ရဲ့စာချုပ်တွေ ကုန်ဆုံးချိန်အထိ အမြဲတမ်းကိုင်တွယ်ခဲ့တာပါ။ ဒီစာချုပ်ကလည်း ၂၀၂၁ ခုနှစ် ဇွန် အထိ ရှိနေပါသေးတယ်" ဟု စပိန်နိုင်ငံထုတ် EL Mundo သတင်းစာသို့ ပြောကြားသည်။ ဂွါဒီယိုလာအနေဖြင့် စာချုပ်ကုန်ချိန်အထိ ရှိနေပါက အချိန်အကြာဆုံး တာဝန်ယူသည့် ကလပ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

 

Most Read

Most Recent