ဝမ်းတွင်းမြို့နယ် အောင်ချမ်းသာ (ခံဘဲ့) ကျေးရွာတွင် ကျပ်သိန်း ၅၀၀၀ ကျော်အကုန်အကျခံ၍ ၁၆ ခုတင်ဆံ့ဆေးရုံ ဆောက်လုပ်လှူဒါန်းထားပြီး အမြန်ဆုံးဖွင့်လှစ်ခွင့်ပြုရန် ဒေသခံများလိုလား

ဝမ်းတွင်းမြို့နယ် အောင်ချမ်းသာ (ခံဘဲ့) ကျေးရွာတွင် ကျပ်သိန်း ၅၀၀၀ ကျော်အကုန်အကျခံ၍ ၁၆ ခုတင်ဆံ့ဆေးရုံ ဆောက်လုပ်လှူဒါန်းထားပြီး အမြန်ဆုံးဖွင့်လှစ်ခွင့်ပြုရန် ဒေသခံများလိုလား
ဝမ်းတွင်းမြို့နယ်၊ အောင်ချမ်းသာ (ခံဘဲ့) ကျေးရွာတွင် ကျပ်သိန်း ၅၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ထားသော ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝဏ္ဏ(မိတ္ထီလာ))
ဝမ်းတွင်းမြို့နယ်၊ အောင်ချမ်းသာ (ခံဘဲ့) ကျေးရွာတွင် ကျပ်သိန်း ၅၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ထားသော ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝဏ္ဏ(မိတ္ထီလာ))
Published 10 February 2020
ဝဏ္ဏ (မိတ္ထီလာ)

မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အောင်ချမ်းသာ(ခံဘဲ့) ကျေးရွာတွင် အနီးဝန်းကျင် ဒေသတွင်း ကျေးရွာများမှ လူဦးရေ ၃၀၀၀၀ ကျော်အား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ကျပ်သိန်း ၅၀၀၀ ကျော် အကုန်အကျခံကာ ၁၆ ခုတင်ဆန့် ဆေးရုံကို ဆောက်လုပ်လှူဒါန်းပေးခဲ့မှု လက်ရှိတွင် ပြီးစီးပြီဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အမြန်ဆုံး ဖွင့်လှစ်ခွင့်ပြုပြီး ဆရာဝန်၊ ဆရာမများ တာဝန်ချထားပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ရွာတွေနဲ့  မိတ္ထီလာဆေးရုံကို ၁၄ မိုင်ကျော်ဝေးတယ်။ ဝမ်းတွင်းဆေးရုံနဲ့ ရှစ်မိုင်ကျော်ဝေးတယ်။ အဲဒီအခါကျတော့ ပိုးထိ (မြွေကိုက်) လူနာတွေ၊ မီးဖွားလူနာတွေအနေနဲ့ မိတ္ထီလာဆေးရုံကြီးကို သွားရတာ အခက်အခဲ အရမ်းဖြစ်တယ်။ မိုးတွင်းဆို ချောင်းရေကျတာနဲ့ လမ်းပန်းဆက်သွယ်ရေး ဆိုးတာနဲ့ဆိုရင် မိတ္ထီလာဆေးရုံကြီးကို သွား ရတာ လုံးဝအဆင်မပြေဘူး။ မီးဖွားဖို့သွားတဲ့ အခါမှာ လမ်းတင်ဆုံးသွားတာ၊ ပျက်ဆီး ကြတာတို့ဖြစ်ကြတယ်။ ပိုးထိ(မြွေကိုက်)လူနာနဲ့ မီးဖွားလူနာက ဆေးရုံရောက်ဖို့ တစ် နာရီဆို တစ်နာရီ အရေးကြီးပေမဲ့ ဝေးတော့ ဖြောင့်ဖြောင့်တန်းတန်း မသွားနိုင်ကြဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အောင်ချမ်းသာ (ခံဘဲ့ )ကျေးရွာမှာ ဆရာတော်ကြီးနဲ့ ဒါယ ကာ၊ ဒါယိကာမများ အလှူငွေနဲ့ ကျပ်သိန်း ငါးထောင်ကျော် ၁၆ ခုတင်ဆံ့ ဆေးရုံဆောက်လုပ်တာ ပြီးစီးနေပြီ။ ဆေးရုံ အတွက် လှူဒါန်းပြီး မြေငါးဧကကျော်ရှိတယ်။ ဆေးရုံ မှာ မီးဖွားခန်း၊ အမျိုးသမီး ရှစ်ယောက်၊ အမျိုးသားရှစ်ယောက် လူနာဆောင်၊ အမျိုး သမီးဆရာဝန် အဝတ်လဲခန်း၊ အမျိုးသား ဆရာဝန်အဝတ်လဲခန်း၊ ခွဲစိတ်ပြီးလူနာနား နေခန်း၊ လူနာစမ်းသပ်ခန်း၊ သူနာပြုနားနေ ခန်း၊ ခွဲစိတ်ခန်း၊ ဆရာဝန်နားနေခန်း၊ ရေစင်၊ ၊ကျန်းမာရေးဌာန၊ ဝန်ထမ်းနားနေဆောင်၊ ဆေးစတို၊ သန့်စင်ခန်း စုစုပေါင်းသိန်း ၄၈၀၀ ကျော်ကုန်ထားပြီးပြီ။ ကျွန်တော်တို့ ဆေးရုံကို ၁၆ ခုတင်ဆံ့ဆေးရုံ စံချိန်စံညွှန်းနဲ့အညီ တည်ဆောက်ထားတာပါ။ ဆရာတော်ကြီးက အားလုံးပြီးစီးတဲ့ အခါမှာ နိုင်ငံတော်ကို စွန့်လွှတ်လှူဒါန်းနဲ့ အပ်မှာပါ။ အဲဒါကြောင့် ဌာနဆိုင်ရာကနေ ခွင့်ပြုမိန့် အမြန်ဆုံး လိုချင်တာ၊ ၂၀၁၈ ခုနှစ် ကတည်းက ခွင့်ပြုမိန့်တင်ထားတာ။ အခုချိန်ထိ ကျမလာသေးဘူး။ ဒီဆေးရုံလေးသာ ဖွင့်ခွင့်ရရင် ဆေးကုသရေး ပိုအဆင်ပြေမယ်။ ကျန်းမာရေး၊ အကျိုးအပဲ့၊ ပိုးထိ (မြွေကိုက်) လူနာ၊ အဖျားအနာ၊ အခွဲအစိတ် အားလုံးအဆင်ပြေမယ်။ ဒီနယ်မှာ ကျေးရွာအုပ်စု ၁၄ အုပ်စု၊ ရွာပေါင်း ၃၀ ကျော်က လူဦးရေ သုံးသောင်းလောက်က ဒီဆေးရုံလေးသာ ဖွင့်လှစ်ခွင့်ရရင် ကျန်းမာရေးစောင့်ရှောက်မှု အရမ်းအဆင်ပြေသွားမှာပါ” ဟု ဝမ်းတွင်းမြို့နယ် အောင်ချမ်းသာ(ခံဘဲ့)ကျေးရွာ၊ တိုက်နယ်ဆေးရုံ ဖြစ်မြောက်ရေး ကော်မတီမှ ဦးအောင်ကျော်ဝင်းက ပြောကြားသည်။

ဝမ်းတွင်းမြို့နယ်၊ အောင်ချမ်းသာ (ကံဘဲ့) ကျေးရွာမှာ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ရွှေသုဝဏ်ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဒိယ ဆရာတော်ဘုရားကြီး၏ ဇာတိကျေးရွာဖြစ်ပြီး ဒေသတွင်း ကျေးရွာများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေစေရန် ၁၆ ခုတင်ဆံ့ ဆေးရုံကို ဆရာတော်ဘုရားကြီးက ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent