ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တဲ့ အင်တာမီလန်

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တဲ့ အင်တာမီလန်
Photos : Twitter
Photos : Twitter
Published 10 February 2020

အင်တာမီလန် ၄-၂ အေစီမီလန်

အင်တာမီလန်အသင်းက ပထမပိုင်း (၂)ဂိုး အရှုံးကနေ လိုက်ကစားခဲ့ရပြီး ဒုတိယပိုင်းသွင်းဂိုး တွေနဲ့ အနိုင်ပြန်ယူနိုင်ခဲ့တယ်။ ဒီတစ်ပတ်မှာ တော့ ဂျူဗင်တပ်စ် ခြေချော်သွားမှုကို အင်တာမီ လန်အသင်း ကောင်းကောင်းအသုံးချနိုင်တယ်လို့ ဆိုရမှာပါ။

အင်တာမီလန်အသင်းမှာ လော်တာရို မာတီနက်ဇ်၊ ဘက်စတိုနီတို့ ပွဲပယ်ခံထားရလို့ ဂိုဒင်၊ အလက်ဆစ်ဆန်းချက်ဇ်တို့ ပွဲထွက်ကစားခဲ့ ပြီး အဲရစ်ဆင်ကို အရန်မှာပဲထားခဲ့ပါတယ်။ အေစီမီလန်ကတော့ ချာဟာနိုဂလူးကို No.10 Role ဆန်ဆန်ကစားစေခဲ့ပြီး ရယ်ဘစ်ကတော့ ဘယ် တောင်ပံထွက်ကစားခဲ့ပါတယ်။ အေစီမီလန်အ သင်းကစားသွားပုံက ဒီရာသီအသင်းအတွက် အ ကောင်းဆုံးပွဲလို့တောင် ပြောလို့ရတယ်။

ဘယ်အ ခြမ်းက ရယ်ဘစ်နဲ့ သီယိုဟာနန်ဒက်ဇ်အတွဲက အတော်လေးအချိတ်အဆက်မိလာတယ်။ ချာဟာ နိုဂလူးကလည်း ကန်ချက်တစ်ကြိမ် တိုင်ထိထွက် ခဲ့တာနဲ့ အခွင့်အရေးတစ်ကြိမ် ဖြုန်းတီးခဲ့တာကလွဲရင် ကစားပုံမဆိုးဘူး။ အေစီမီလန်ကွင်းလယ်မှာ ကက်ဆီးထက် ပိုအလုပ်ဖြစ်ခဲ့တာကတော့ ဘန် နာဆာပါပဲ။ ကစားပုံ ရိုးရိုးရှင်းရှင်းနဲ့ အသင်းအ တွက် အထောက်အကူဖြစ်စေခဲ့တယ်။

အင်တာမီလန်ကွင်းလယ်မှာတော့ ဘာရယ်လာ ကြိုးစားကစားပေမယ့် ပံ့ပိုးမှုအား သိပ်မကောင်းခဲ့ဘူး။ ဒါပေ မဲ့ အင်တာမီလန်အသင်းကို ချီးကျူးရမှာက အခွင့် အရေးတွေကို မလွတ်တမ်းနီးပါး အသုံးချနိုင်တာ၊ ယုံကြည်မှုအပြည့်ရှိနေတဲ့အချက်တွေက နိုင်ပွဲဆီ ကို တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ အေစီမီလန်က

လည်း ဒုတိယပိုင်းမှာ ပထမပိုင်းကလောက် ခြေစွမ်းမပြနိုင်ပေမယ့် ကစားပုံဆိုးရွားသွားတာမျိုး မဟုတ်ခဲ့ဘူး။ လူစားဝင်လာတဲ့ အဲရစ်ဆင်ရဲ့ဖရီးကစ် ဘားတန်းထိထွက်ခဲ့သလို၊ အီဘရာဟီမိုဗစ် ခေါင်းတိုက်သွင်းမှုကလည်း တိုင်ထိခဲ့ပါတယ်။

အေစီမီလန်အတွက် ရယ်ဘစ်(၄၀ မိနစ်)၊ အီဘ ရာဟီမိုဗစ်(၄၅ မိနစ်)တို့က သွင်းယူခဲ့ပြီး အင်တာ မီလန်ရဲ့ဂိုးတွေကို ဘရိုဇိုဗစ်(၅၁ မိနစ်)၊ ဗယ်စီနို (၅၃ မိနစ်)၊ ဒီဗရိုင်း(၇၀ မိနစ်)၊ လူကာကူ(၉၄ မိ နစ်)တို့က သွင်းပေးခဲ့ပါတယ်။

 

 

Most Read

Most Recent