ဆာနေးအား ခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ဝန်ခံ

ဆာနေးအား ခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 4 February 2020

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ဟာဘတ်ဟိုင်နာက မိမိတို့အနေဖြင့် မန်စီးတီးတောင်ပံကစားသမား ဆာနေးအား ခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ဟာဘတ်ဟိုင်နာက မိမိတို့အနေဖြင့် မန်စီးတီးတောင်ပံကစားသမား ဆာနေးအား ခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက အသက် (၂၄)နှစ်အရွယ်ရှိ ဂျာမန်တောင်ပံကစားသမား ဆာနေးအား ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး ဆာနေး ဒဏ်ရာရသွားသဖြင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။ 

ဆာနေးသည် လက်ရှိအချိန်တွင် ဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ၎င်း၏အခြေအနေကို စောင့်ကြည့်လျက်ရှိနေကြောင်း သိရသည်။ 

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ဟာဘတ်ဟိုင်နာက "ဆာနေးက ကစားသမားကောင်းတစ်ယောက်ပါ။ သူ့ကို ခေါ်ယူဖို့ ကျွန်တော်တို့ စိတ်ဝင်စားပါတယ်။ အခုလောလောဆယ်မှာတော့ ဒဏ်ရာ ပြန်လည်သက်သာလာတဲ့ ဆာနေးရဲ့ အနေအထားကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့် ၂၀၂၀-၂၁ ရာသီ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆာနေးအား ခေါ်ယူရန် ကြိုးပမ်းသွားဖွယ်ရှိနေကြောင်းလည်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် ဆာနေး၏အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း ဝန်ခံထားသော်လည်း ဆာနေအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းတိုးဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent