ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့ရသည့်ကိုဘီဘရိုင်ယန်၏ ရုပ်အလောင်းကို ဖော်ထုတ်နိုင်ဟုဆို

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့ရသည့်ကိုဘီဘရိုင်ယန်၏ ရုပ်အလောင်းကို ဖော်ထုတ်နိုင်ဟုဆို
Photo: AFP
Photo: AFP
Published 29 January 2020

ရဟတ်ယာဉ်ပျက်ကျမီးလောင်သွားမှုကြောင့် ရုပ်အလောင်းများမှာ ပျက်စီးနေသော်လည်း ကိုဘီဘရိုင်ယန်၏ရုပ်အလောင်းကိုမူ ဖော်ထုတ်နိုင်ခဲ့သည်ဟု သေမှုသေခင်းစုံစမ်းစစ်ဆေးရေး အရာရှိက ပြောကြားခဲ့သည်။ Fingerprints ကို အသုံးပြုပြီး ကိုဘီဘရိုင်ယန်အပါအဝင် ရဟတ်ယာဉ်မောင်းသူ ဇိုဘာယန်၊ Orange Coast ဘေ့စ်ဘောအသင်းနည်းပြ ဂျွန်အယ်လ်တိုဘယ်လီနှင့် ဆာရာချက်စတာဆိုသူ အမျိုးသမီး၏ ရုပ်အလောင်းများကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

 

ဇန်နဝါရီ (၂၆)ရက်က ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့သည့် နာမည်ကြီးဘက်စကတ်ဘောသမားဟောင်း ကိုဘီဘရိုင်ယန်၏ ရုပ်အလောင်းကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်တွင် ကိုဘီဘရိုင်ယန်နှင့် သမီးဖြစ်သူ ဂျီယန်နာအပါအဝင် လူ(၉)ဦးအထိ သေဆုံးခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်ပျက်ကျမီးလောင်သွားမှုကြောင့် ရုပ်အလောင်းများမှာ ပျက်စီးနေသော်လည်း ကိုဘီဘရိုင်ယန်၏ရုပ်အလောင်းကိုမူ ဖော်ထုတ်နိုင်ခဲ့သည်ဟု သေမှုသေခင်းစုံစမ်းစစ်ဆေးရေး အရာရှိက ပြောကြားခဲ့သည်။ Fingerprints ကို အသုံးပြုပြီး ကိုဘီဘရိုင်ယန်အပါအဝင် ရဟတ်ယာဉ်မောင်းသူ ဇိုဘာယန်၊ Orange Coast ဘေ့စ်ဘောအသင်းနည်းပြ ဂျွန်အယ်လ်တိုဘယ်လီနှင့် ဆာရာချက်စတာဆိုသူ အမျိုးသမီး၏ ရုပ်အလောင်းများကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဂျီယန်နာအပါအဝင် အသင်းဖော်များဖြစ်သည့် အယ်လစ်ဆာအယ်လ်တိုဘယ်လီနှင့် ပေတန်ချက်စတာ၊ လက်ထောက်နည်းပြ ခရစ္စတီးနားမော်ဆာနှင့် ဂျွန်၏ဇနီး ဖြစ်သူ ကယ်ရီ အယ်လ်တိုဘယ်လီ၏ရုပ်အလောင်းများ ကို မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။ စုံစမ်းစစ်ဆေးသူများသည် ကျန်(၅)ဦး၏ ရုပ်အလောင်းများကိုဖော်ထုတ်နိုင်ရန် လုပ်ဆောင်နေလျက်ရှိသည်ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။ ရဟတ် ယာဉ်မောင်းသူသည် မပျက်ကျမီ မိနစ်ပိုင်းအလိုတွင် တိမ်လွှာ တစ်ခုကိုရှောင်ရှားနိုင်ရန် အပေါ်တက်ပျံသန်းမည်ဟု လေကြောင်း ထိန်းချုပ်ရေးတာဝန်ရှိသူများထံ ပြောကြားခဲ့သည်ဟု အမျိုးသား သယ်ယူပို့ဆောင်ရေးလုံခြုံရေးဗျူရို (NTSB) က သတင်းထုတ်ပြန်ခဲ့သည်။

ဇိုဘာယန်သည် အတွေ့အကြုံရင့် ရဟတ်ယာဉ်မောင်းသူတစ်ဦးဖြစ်ကာ ပျံသန်းချိန်(၈၂၀၀)နာရီကျော်ရှိပြီး လေကြောင်းနည်းပြလက်မှတ် ရရှိထားသူလည်းဖြစ်သည်။ ရေဒါအချက်အလက်တွင် ရဟတ်ယာဉ်သည် ဘယ်ဘက်သို့ မနိမ့် ဆင်းမီအချိန်ထိ အမြင့်ပေ(၂၃၀၀)တွင် ပျံသန်းခဲ့ကြောင်း ပြသနေခဲ့သည်။ Silkorsey S-76 ရဟတ်ယာဉ်၏ အပျက်အစီး အပိုင်းအစများကို (၁၀၈၅)ပေအမြင့်ရှိ တောင်စောင်းထက် တွင်တွေ့ရှိခဲ့ရသည်ဟု NTSB က ပြောကြားခဲ့သည်။ ရဟတ် ယာဉ်ပျက်ကျရမှု၏အဓိကအကြောင်းအရင်းမှာ မြူများထူထပ် စွာ အုံ့ဆိုင်းနေမှုကြောင့်ဖြစ်နိုင်သည်ဟု အစောပိုင်းက ယူဆခဲ့ကြသည်။

သို့သော် NTSB ၏တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဂျနီဖာဟိုမန်ဒီက "လူ၊ အင်ဂျင်နဲ့ ပတ်ဝန်းကျင်ကို ကျွန်မတို့ ရှာဖွေစစ်ဆေးနေပါတယ်။ ရာသီဥတုကတော့ ရဟတ်ယာဉ်ပျက်ကျရခြင်းမှာ သေးငယ်တဲ့အစိတ်အပိုင်း တစ်ခုအဖြစ်ပဲရှိပါတယ်" ဟု ပြောကြားခဲ့သည်။ ရေဒါတွင် နောက်ဆုံးဆက်သွယ်မှုရရှိခဲ့သည်မှာ ဒေသစံတော်ချိန် နံနက်(၉း၄၅)နာရီအထိဖြစ်ပြီး (၂)မိနစ်အကြာ တွင် တစ်စုံတစ်ဦးက ၉၁၁ သို့ဖုန်းခေါ်ဆိုကာ ရဟတ်ယာဉ်ပျက်ကျမှုကို အကြောင်းကြားခဲ့သည်ဟု NTSB ၏ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။