ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နှင့် ကစားမည့်ပွဲစဉ်များကို မာနေ လွဲချော်မည်ဟု ယာဂန်ကလော့ပ် ပြောကြား

ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နှင့် ကစားမည့်ပွဲစဉ်များကို မာနေ လွဲချော်မည်ဟု ယာဂန်ကလော့ပ် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 28 January 2020

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းတောင်ပံကစားသမား မာနေအနေဖြင့် ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

 

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းတောင်ပံကစားသမား မာနေအနေဖြင့် ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ ဆီနီဂေါတောင်ပံကစားသမား မာနေသည် ဇန်နဝါရီ (၂၄)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ဝုလ်ဗ် (၁-၂) လီဗာပူးလ်ပွဲ၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အစောပိုင်းတွင် ကာလရှည်အနားယူရဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက ခန့်မှန်းဖော်ပြခဲ့ကြသည်။ 

သို့သော် မာနေးအနေဖြင့် ကြွက်သားစုတ်ပြဲခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ခန့်အနားယူပြီးပါက ပြန်လည်ကစားနိုင်မည်ဖြစ်ကြောင်း လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောကြားခဲ့သည်။ 

ကလော့ပ်က "မာနေးအနေနဲ့ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ကြွက်သားစုတ်ပြဲဒဏ်ရာရရှိခဲ့တာပါ။ ဒါပေမဲ့ ကံကောင်းတာက ကျွန်တော်တို့ ထင်ထားသလောက် ဆိုးရွားခြင်းမရှိတာပါပဲ။ သူ့အနေနဲ့ အခုတစ်ပတ်လောက် အနားယူပြီးရင် ပြန်ကစားနိုင်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

မာနေသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ် (၂၂)ပွဲတွင် (၁၁)ဂိုး သွင်းယူထားသလို၊ ပြိုင်ပွဲစုံ (၃၁)ပွဲတွင် (၁၅)ဂိုး သွင်းယူထားသည်။ 

လီဗာပူးလ်အသင်းသည် ဇန်နဝါရီ (၂၉)ရက်တွင် ဝက်စ်ဟမ်းအသင်းနှင့် အဝေးကွင်းပွဲစဉ်၊ ဖေဖော်ဝါရီ (၁)ရက်တွင် ဆောက်သမ်တန်အသင်းနှင့် အိမ်ကွင်းပွဲစဉ်များကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။