လိဂ်ဖလား ဆီမီးဖိုင်နယ်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလား ဆီမီးဖိုင်နယ်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်
Published 28 January 2020

အက်စတွန်ဗီလာ - လက်စတာ(မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၉ ရက် နံနက် ၂း၁၅ နာရီ)

အိမ်ကွင်းမှာအနိုင်မကစားနိုင်ခဲ့လို့ လက်စတာအသင်း ရုန်းကန်ရတော့မှာဖြစ်ပေမယ့် ပထမပွဲခြေစွမ်းက အပြတ်အ သတ်သာပါတယ်။ လက်စတာအနေနဲ့ အခုပွဲပြီးရင် ပရီးမီးယား လိဂ်ပွဲကျပ်ကာလကို ဖြတ်သန်းရဖို့ရှိပေမယ့် ပထမအကျော့က ပုံစံအတိုင်း အင်ပြည့်အားပြည့် ပွဲထွက်လာဦးမှာပါ။ ဗာဒီမကစား နိုင်တဲ့တိုက်စစ်ကလည်း သိပ်တော့စိုးရိမ်စရာမရှိပါဘူး။ ဗီလာ က အိမ်ကွင်းနောက်ဆုံးပွဲမှာ နိုင်ပွဲပြန်တွေ့ထားပေမယ့် အသင်း ရဲ့ခြေစွမ်းက ယုံကြည်လို့ရတဲ့အဆင့်မှာ မရှိပါဘူး။ လက်စတာ အနိုင်ကစားဖို့များတယ်။