ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းလေးခုမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ထုတ်လုပ်မည့်ပမာဏ ကုဗပေသန်း ၆၄၇၂၀၆ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသောကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကုဗပေသန်းပေါင်း ၁၇၇၇ တိုးမြင့်ထုတ်လုပ်ရန် လျာထား

ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းလေးခုမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ထုတ်လုပ်မည့်ပမာဏ ကုဗပေသန်း ၆၄၇၂၀၆ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသောကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကုဗပေသန်းပေါင်း ၁၇၇၇ တိုးမြင့်ထုတ်လုပ်ရန် လျာထား
 ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 26 December 2019

 

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေအဓိကရရှိသော ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခုမှ ထုတ်လုပ်မည့်ပမာဏ  ကုဗပေသန်းပေါင်း ၆၂၉၈၆၂၊ ကုန်းတွင်းရေနံမြေများမှ ထုတ်လုပ်မည့်ပမာဏ ကုဗပေသန်းပေါင်း  ၁၇၃၄၄၊ စုစုပေါင်းထုတ်လုပ်မှုပမာဏ ကုဗပေသန်းပေါင်း ၆၄၇၂၀၆ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသောကြောင့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်၏ ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းနှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှုပမာဏမှာ ကုဗပေသန်းပေါင်း ၁၇၇၇  တိုးမြင့်လျာထားကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခုအနက် ၁၉၉၆ ခုနှစ်မှစတင်ထုတ်လုပ်ခဲ့သည့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ၁၉၉၀ ခုနှစ်မှစတင်ထုတ်လုပ်ခဲ့သည့် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းတို့သည် စီမံကိန်းကာလပြီးဆုံးတော့မည့်အခြေအနေသို့ ရောက်ရှိတော့မည်ဖြစ်၍ ထုတ်လုပ်မှုနှုန်းများသည် အကျဘက်သို့ တဖြည်းဖြည်း ဦးတည်နေကြောင်းသိရသည်။

ရဲတံခွန်စီမံကိန်းအနေဖြင့် ထုတ်လုပ်မှုပမာဏ လျော့နည်းရခြင်းအကြောင်းရင်းမှာ Post Plateau Period သို့ ရောက်ရှိချိန်ဖြစ်သောကြောင့် အဆင့်ဆင့်ထုတ်လုပ်မှု ကျဆင်းခြင်း၊ ကုန်းတွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းရခြင်းမှာ သဘာဝဓာတ်ငွေ့ ထုတ်ယူသုံးစွဲမှု သက်တမ်းကြာမြင့်လာခြင်းတို့ကြောင့်ဖြစ်သည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကမ်းလွန်သဘာဝဓာတ်ငွေ့စျေးနှုန်းများမှာ ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းတို့တွင် 1 MMBTU လျှင် ဒေါ်လာ ၈ ဒသမ ၈၈၁၄ နှုန်း၊ ရွှေစီမံကိန်းတွင် 1 MMBTU လျှင် ဒေါ်လာ ၇ ဒသမ ၃၉၄၉ နှုန်း၊ ရဲတံခွန်၏ ရေနံစိမ်းနှင့်လေဆီစျေးနှုန်းကို တစ်စည်လျှင် ဒေါ်လာ ၆၅ နှုန်းတို့ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတွင် တူးဖော်၊ ရှာဖွေနေဆဲ စီမံကိန်းသစ်များမှ စီးပွားဖြစ်ထုတ်လုပ်နိုင်မှု အချိန်နောက်ကျနေပါက လာမည့်နှစ်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၏ဝင်ငွေ တဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်ကြောင်း၊  ရတနာစီမံကိန်းနှင့် ရဲတံခွန်စီမံကိန်းတို့၏ ထုတ်လုပ်မှုနှုန်းများသည် အကျဘက်သို့ တဖြည်းဖြည်းဦးတည်နေပြီး နောက်လာမည့် ၂၀၂၃ ခုနှစ်တွင် စီမံကိန်းကာလ ပြီးဆုံးမည့် အခြေအနေသို့ ရောက်ရှိတော့မည်ဖြစ်သောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကမ်းလွန်စီမံကိန်းသစ်များကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် တွန်းအားပေးခြင်းနှင့် ထုတ်လုပ်မှုကျဆင်းနေသည့် စီမံကိန်းများအတွက် ကျားကန်ပေးခြင်းဖြင့် ဝင်ငွေများလျော့နည်းမှုသက်သာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးကဆိုသည်။

 

Most Read

Most Recent