မက်ဆီအား စာချုပ်သစ်ချုပ်ဆိုရန် ဘာစီလိုနာအသင်း စီစဉ်

မက်ဆီအား စာချုပ်သစ်ချုပ်ဆိုရန် ဘာစီလိုနာအသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 20 December 2019

ဘာစီလိုနာအသင်းသည် အသင်းခေါင်းဆောင် မက်ဆီအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းသည် အသင်းခေါင်းဆောင် မက်ဆီအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းနှင့် မက်ဆီ၏ လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။  Mundo Deportivo ၏ ဖော်ပြချက်အရ ဘာစီလိုနာ အသင်းဥက္ကဋ္ဌ ဘာတိုမူသည် မက်ဆီအား၂၀၂၃ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုရန်အတွက် မက်ဆီ၏ဖခင်ဖြစ်သူ ဂျော့ချ်(မက်ဆီ၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသူ)ကို ကမ်းလှမ်းထားကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူသည် မက်ဆီအနေဖြင့် အနည်းဆုံး (၄၊ ၅) နှစ်ခန့် ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုထားသူဖြစ်ပြီး စာချုပ်သစ်အတွက် လာမည့်အပတ်တွင် မက်ဆီနှင့် ဆွေးနွေးသွားရန် စီစဉ်နေကြောင်း အဆိုပါသတင်းစာက ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းနှင့် မက်ဆီတို့ ချုပ်ဆိုထားသည့် လက်ရှိစာချုပ်၌ မက်ဆီအနေဖြင့် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာခွင့်ရှိသည်ဆိုသော အချက်ပါဝင်သော်လည်း မက်ဆီက မိမိအနေဖြင့် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း အတည်ပြုပြောဆိုထားသည်။ 

အသက် (၃၂) နှစ်အရွယ်ရှိ မက်ဆီသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၁၇)ပွဲတွင် (၁၄)ဂိုး သွင်းယူထားသည်။

 

Most Read

Most Recent