မီနာမီနိုသည် အလွန်လျင်မြန်ပြီး အလွန်ပါးနပ်သူဟု ယာဂန်ကလော့ပ် ချီးကျူး

မီနာမီနိုသည် အလွန်လျင်မြန်ပြီး အလွန်ပါးနပ်သူဟု ယာဂန်ကလော့ပ် ချီးကျူး
Photo: Getty Images
Photo: Getty Images
Published 20 December 2019

လီဗာပူးလ်အသင်း၏ နည်းပြ ယာဂန်ကလော့ပ်က ကစားသမားသစ် မီနာမီနိုသည် အလွန်လျင်မြန်ပြီး အလွန်ပါးနပ်သည့် ကစားသမားဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

လီဗာပူးလ်အသင်း၏ နည်းပြ ယာဂန်ကလော့ပ်က ကစားသမားသစ် မီနာမီနိုသည် အလွန်လျင်မြန်ပြီး အလွန်ပါးနပ်သည့် ကစားသမားဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

    

လီဗာပူးလ်အသင်းသည် အသက်(၂၄) နှစ်အရွယ် ဂျပန်လက်ရွေးစင် ကွင်းလယ်ကစားသမား တာကူမီ မီနာမီနိုကို ကြာသတေးနေ့က ခေါ်ယူခဲ့ပြီး ဇန်နဝါရီ(၁)ရက်နေ့တွင် လီဗာပူးလ်ကစားသမားအဖြစ် စတင်ခွင့်ရရှိမည်ဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် မီနာမီနိုအတွက် ပြောင်းရွှေ့ကြေး ပေါင်(၇.၂၅)သန်းသာပေးခဲ့ရပြီး (၄)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းတွင် ကျောနံပါတ်(၁၈)ဝတ်ဆင်ကစားမည့် မီနာမီနိုကို လီဗာပူးလ်ပရိသတ်များက ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသလို၊ နည်းပြ ယာဂန်က လော့ပ်ကလည်း ချီးကျူးပြောကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  

ယာဂန်ကလော့ပ်က "မီနာမီနိုကို ခေါ်ယူနိုင်ခဲ့တာက ကျွန်တော်တို့အသင်းအတွက် တကယ့်ကို ပျော်ရွှင်ဖွယ်ရာပါပဲ။ လီဗာပူးလ်ပရိသတ်တွေက သူ့ရဲ့ခြေစွမ်းကို လောလောလတ်လတ် မြင်တွေ့ထားပြီး ဖြစ်တာကြောင့် ကျွန်တော့်အနေနဲ့ အများကြီး ပြောဖို့ မလိုတော့ပါဘူး။ သူက အလွန်လျင်မြန် ပြီး အလွန်လိမ္မာပါးနပ်တဲ့ ကစားသမားပါ။ ရဲရဲရင့်ရင့်ယှဉ်ပြိုင်ကစားတတ်သူလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်အတွေ့အကြုံကတော့ အပိုဆုပေါ့"ဟု ပြောကြားခဲ့သည်။

မီနာမီနိုကလည်း ပထမဆုံးအင်တာဗျူး အစီအစဉ်၌ လီဗာပူးလ်အသင်းတွင် ကစား ခွင့်ရလိမ့်မည်ဟု မထင်ခဲ့သော်လည်း အိပ်မက်များ အမှန်တကယ်ဖြစ်လာခဲ့၍ အလွန်ပျော်ရွှင်ကြောင်း၊ အောင်မြင်မှုရရှိအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent