ရီးယဲလ်မက်ဒရစ်နှင့်ပွဲစဉ်မှာ ယခုရာသီတွင် အရေးအကြီးဆုံးပွဲစဉ်ဖြစ်ပြီး အနိုင်ရရန်ကြိုးစားသွားမည်ဟုု ဂရီးဇ်မန်း ပြောကြား

ရီးယဲလ်မက်ဒရစ်နှင့်ပွဲစဉ်မှာ ယခုရာသီတွင် အရေးအကြီးဆုံးပွဲစဉ်ဖြစ်ပြီး အနိုင်ရရန်ကြိုးစားသွားမည်ဟုု ဂရီးဇ်မန်း ပြောကြား
Photo: AS
Photo: AS
Published 18 December 2019

ဘာစီလိုနာတိုက်စစ်ကစားသမား ဂရီးဇ်မန်းက ရီးယဲလ်မက်ဒရစ်အသင်းနှင့်ကစားမည့် El Clásico ပွဲစဉ်မှာ ယခုရာသီတွင် အရေးအကြီးဆုံးပွဲစဉ်ဖြစ်ပြီး အနိုင်ရရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာတိုက်စစ်ကစားသမား ဂရီးဇ်မန်းက ရီးယဲလ်မက်ဒရစ်အသင်းနှင့်ကစားမည့် El Clásico ပွဲစဉ်မှာ ယခုရာသီတွင် အရေးအကြီးဆုံးပွဲစဉ်ဖြစ်ပြီး အနိုင်ရရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

ဂရီးဇ်မန်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလက အက်သလက်တီကိုအသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး El Clásico ပွဲစဉ်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ရမည်ဖြစ်သည်။

ဂရီးဇ်မန်းက '' ရီးယဲလ်မက်ဒရစ်နဲ့ ကစားရမယ့်ပွဲစဉ်က သာမန်ပွဲစဉ်တစ်ပွဲမဟုတ်ပါဘူး။ ဒီပွဲမှာ အနိုင်ရတဲ့အသင်းက အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော် အက်သလက်တီကိုအသင်းမှာ ကစားစဉ်တုန်းက ရီးယဲလ်နဲ့ ယှဉ်ပြိုင်ရတဲ့ပွဲစဉ်တွေဟာ ပရိသတ်တွေအတွက် အလွန်ရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပွဲစဉ်တွေက မက်ဒရစ်ဒါဘီဖြစ်နေလို့ပါပဲ။ အခုက El Clásico ပါ။ ဒီပွဲက ပိုပြီးတော့တောင် အရေးကြီးပါသေးတယ်။ အက်သလက်တီကိုရော၊ ဘာစီလိုနာအသင်းပါ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်လိုချင်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ လာမယ့် El Clásico ပွဲစဉ်မှာ ရီးယဲလ်အသင်းကိုအနိုင်ရဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဒီပွဲဟာ အခုရာသီမှာ အရေးကြီးဆုံးပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ယခုရာသီအစပိုင်းတွင် ဘာစီလိုနာအသင်း၌ ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

သို့သော် ဂရီးဇ်အနေဖြင့် ယခုနောက်ပိုင်းပွဲစဉ်များတွင် ဆွာရက်ဇ်၊ မက်ဆီတို့နှင့်အတူ အတွဲအဖက်မိမိကစားလာနိုင်ပြီး ယခုရာသီပြိုင်ပွဲစုံ (၂၁)ပွဲတွင်၊ (၇)ဂိုးသွင်းယူပေးထားသည်။

 

Most Read

Most Recent