၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အသေးစား၊ အလတ်စား၊ အကြီးစားနှင့် လက်လုပ်လက်စားအပါအဝင် စမ်းသပ်ကျောက်မျက်လုပ်ကွက် ၁၂၅၀ ကျော် ခွင့်ပြုမိန့်ထုတ်ပေးထား

၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အသေးစား၊ အလတ်စား၊ အကြီးစားနှင့် လက်လုပ်လက်စားအပါအဝင် စမ်းသပ်ကျောက်မျက်လုပ်ကွက် ၁၂၅၀ ကျော် ခွင့်ပြုမိန့်ထုတ်ပေးထား
  ဖားကန့်နှင့် လုံးခင်းဒေသရှိ ကျောက်မျက်လုပ်ကွက်အချို့ကို တွေ့ရစဉ်
ဖားကန့်နှင့် လုံးခင်းဒေသရှိ ကျောက်မျက်လုပ်ကွက်အချို့ကို တွေ့ရစဉ်
Published 16 December 2019
နီလာ

၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အသေးစား၊ အလတ်စား၊ အကြီးစားနှင့် လက်လုပ်လက်စားအပါအဝင် စမ်းသပ်ကျောက် မျက်လုပ်ကွက် ၁၂၅၀ ကျော်ခွင့်ပြုမိန့်ထုတ်ပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်  ကျောက်မျက်လုပ်ကွက်ထုတ်ပေးထားမှု အခြေအနေကို လေ့လာကြည့်ပါက ကချင်ပြည်နယ်တွင် အကြီးစားလုပ်ကွက် လေးကွက်၊ အသေးစား ၈၂ ကွက်၊ စမ်းသပ် ၂၅ ကွက်ဖြင့် စုစုပေါင်း ၁၁၂ ကွက်၊ ကယားပြည်နယ်တွင် အကြီးစားလုပ်ကွက်တစ်ကွက်၊ အသေးစား တစ်ကွက်၊ စမ်းသပ် ၁၅ ကွက်ဖြင့် စုစုပေါင်း ၁၈ ကွက်၊ ကရင်ပြည်နယ်တွင် အကြီးစားလုပ်ကွက်ခြောက်ကွက်၊ အသေးစား ၃၇ ကွက်၊ စမ်းသပ် နှစ်ကွက်ဖြင့် စုစုပေါင်း ၄၆ ကွက်၊ ချင်းပြည်နယ်တွင် စမ်းသပ် ၂၅ ကွက်ဖြင့် စုစုပေါင်း လေးကွက်၊  စစ်ကိုင်းတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၂၄ ကွက်၊ အသေးစား ၁၆၅ ကွက်၊ စမ်းသပ် ၁၄ ကွက်ဖြင့် စုစုပေါင်း ၂၂၉ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၁၈ ကွက်၊ အသေးစား ၄၅ ကွက်၊ စမ်းသပ် ၁၉ ကွက်ဖြင့် စုစုပေါင်း ၈၈ ကွက်၊ နေပြည်တော်တွင် အကြီးစားလုပ်ကွက် သုံးကွက် ခွင့်ပြုမိန့်c ထုတ်ပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် အသေးစားခြောက်ကွက်၊ စမ်းသပ်တစ်ကွက်ဖြင့် စုစုပေါင်း  ခုနစ်ကွက်၊  မကွေးတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် သုံးကွက်၊ အသေးစား ၄၁ကွက်၊ စမ်းသပ်ကိုးကွက်ဖြင့် စုစုပေါင်း ၅၄ ကွက်၊ မန္တလေးတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၄၁ကွက်၊ အသေးစား ၂၃၄ ကွက်၊ စမ်းသပ် ၂၈ ကွက်ဖြင့် စုစုပေါင်း ၃၃၃ ကွက်ဖြင့် အများဆုံးထုတ်ပေးထားသည်။

မွန်ပြည်နယ်တွင် အကြီးစားလုပ်ကွက် ငါးကွက်၊ အသေးစား ၁၃ ကွက်၊ စမ်းသပ်တစ်ကွက်ဖြင့် စုစုပေါင်း ၂၄ ကွက်၊ ရခိုင်ပြည်နယ်တွင် အကြီးစားလုပ်ကွက်တစ်ကွက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အကြီးစားလုပ်ကွက် ၁၆ ကွက်၊ အသေးစား ၁၀၇ ကွက်၊ စမ်းသပ် ၁၂ ကွက်ဖြင့် စုစုပေါင်း ၁၄၅ ကွက်၊  ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် အကြီးစား လုပ်ကွက် ၂၁ကွက်၊ အသေးစား ၆၁ကွက်၊ စမ်းသပ် ခုနစ်ကွက်ဖြင့် စုစုပေါင်း ၉၅ ကွက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အကြီးစား လုပ်ကွက် နှစ်ကွက်၊ အသေးစား ၇၂ ကွက်၊ စမ်းသပ် ၁၅ ကွက်ဖြင့် စုစုပေါင်း ၉၂ကွက်၊  ဧရာဝတီတိုင်းဒေသကြီးတွင် အကြီးစား လုပ်ကွက်နှစ်ကွက်၊ အသေးစားတစ်ကွက်ဖြင့် စုစုပေါင်း ၁၁၂ ကွက်ကို ခွင့်ပြုပေးထားကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များ ခွင့်ပြုမိန့်ထုတ်ပေးခြင်းကို သတ်မှတ်ဧရိယာအတွင်းဖြစ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏သဘောတူ ညီချက်ဖြင့်ခွင့်ပြုပေးရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားထားသည်။

အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များ ခွင့်ပြုမိန့်ထုတ်ပေးခြင်းကို သတ်မှတ်ဧရိယာအတွင်းဖြစ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုပေးရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကျောက်မျက်ရ တနာရောင်းချပွဲများကို မြန်မာ့ကျောက်မျက်ရတနာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီး စနစ်တကျ ဆောင်ရွက်ခွင့်ပြုပေးထားကြောင်း ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ဆက်လက်ပြောကြားသည်။

 

 

Most Read

Most Recent