ICJ တွင် ဦးဆောင်ဖြေရှင်းမည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပါဝင်မည့်တပ်မတော်ကို မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် ကြိုဆိုထောက်ခံ

ICJ တွင် ဦးဆောင်ဖြေရှင်းမည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပါဝင်မည့်တပ်မတော်ကို မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် ကြိုဆိုထောက်ခံ
Published 3 December 2019
ကြည်နိုင်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် သွားရောက်ဦးဆောင်ဖြေရှင်းမည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပါဝင်မည့် တပ်မတော်ကို ကြိုဆိုထောက်ခံကြောင်း မြန်မာ မွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် (မ.အ.ဖ) ဌာနချုပ်က နိုဝင်ဘာ ၂၈ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။

အဆိုပါသဘောထားထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဂမ်ဘီယာနိုင်ငံက ‘လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း-၁၉၄၈’ တို့ အရ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းများကို ချိုးဖောက်ခြင်းအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍တာဝန်ရှိကြောင်း တရားစွဲဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ အပြည် ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်နိုင်ငံတစ် နိုင်ငံဖြစ်သည်နှင့်အညီ တာဝန်သိစွာဖြင့် တုံ့ပြန်ဖြေရှင်းမည်ဖြစ်ကြောင်း ဖော်ပြပါရှိ သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် တရားရုံးစွဲဆိုခြင်းနှင့်ပတ်သက်၍ အရေးကိစ္စရပ်အားလုံးကို  ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်ဖြေရှင်း ရန်အတွက် စိတ်အားထက်သန်စွာဖြင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်၍ သွား ရောက်မည်ဖြစ်ပြီး တပ်မတော်ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်မည့်ကိစ္စတို့ကို မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် (မ.အ.ဖ)က ကြိုဆိုထောက်ခံကြောင်းနှင့် အမှုကိစ္စအဖြာဖြာ စုံစမ်းစစ်ဆေးရာတွင် မှန်ကန်မျှတ၍ မြန်မာနိုင်ငံ၏အကျိုးစီးပွား အဝဝတို့ ဖြစ်ထွန်းလာရန် ထပ်ဆင့် ဆုတောင်းကြောင်း အဆိုပါသဘောထားထုတ် ပြန်ချက်တွင် ပါရှိသည်။

ICJ တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ရင်ဆိုင်မည့်အပေါ်  ထောက်ခံကြောင်း ‘၀’ လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

 

 

Most Read

Most Recent