စီးရီးအေတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲတွင် ဆုကြေညာချိန်အထိ စီရော်နယ်လ်ဒို ကားထဲတွင်စောင့်ဆိုင်းခဲ့

စီးရီးအေတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲတွင် ဆုကြေညာချိန်အထိ စီရော်နယ်လ်ဒို ကားထဲတွင်စောင့်ဆိုင်းခဲ့
Photos : AFP
Photos : AFP
Published 3 December 2019

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဒီဇင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သည့်  ၂၀၁၈-၁၉ ရာသီ စီးရီးအေတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲအခမ်းအနားတွင် ဆုကြေညာချိန်အထိ သူ၏ကားထဲတွင် စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုမှာ ၎င်းဆုရရှိကြောင်းသေချာမှ အခမ်းအနားကျင်းပရာ ပြဇာတ်ရုံ ကားပါကင်ရှိကားထဲမှ သက်တော်စောင့်များ ခြံရံကာ စတိတ်စင်ပေါ်သို့ တိုက်ရိုက်သွားရောက်ပြီး ဆုလက်ခံရယူခြင်းဖြစ်သည်။

၎င်းအနေဖြင့် ယင်းနေ့နံနက်ပိုင်းက လစ္စဘွန်းမြို့တွင် အနားယူနေသည့်ပုံများကို Instagram ၌ တင်ရှိခဲ့ပြီး ပါရီမြို့တွင်ကျင်းပသည့် Ballon d'Orဆုပေးပွဲသို့ တက်ရောက်ခြင်းမရှိဘဲ မိုင် ၈၅၀ ဝေးကွာသော မီလန်မြို့တွင်ကျင်းပသည့် စီးရီးအေအကောင်းဆုံးဆုပေးပွဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းဆုပေးပွဲတွင် စီရော်နယ်လ်ဒိုက စီးရီးအေပြိုင်ပွဲမှာ အလွန်ခက်ခဲသည့် လိဂ်ဖြစ်ကြောင်းနှင့် အီတလီစကားပြောနိုင်ရန် ကြိုးစားနေကြောင်း ဖွင့်ဟခဲ့သည်။

အခြားဆုများတွင် နည်းပြဆုကို ဂတ်စ် ပါရီနီ(အတ္တလန်တာ)၊ ဂိုးသမားဆုကို ဟန်ဒါနိုဗစ်(အင်တာမီလန်)၊ ဒိုင်လူကြီးဆုကို ဂျီယန်လူကာရော့ခီ၊ ကလပ်အသင်းဆုကို အတ္တလန်တာအသင်း၊ အမျိုးသမီးအကောင်းဆုံးဆုကို  ရိုးမားအသင်းကွင်းလယ်လူ ဂျူလီယာနိုတို့က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

- တစ်နှစ်တာအကောင်းဆုံးအသင်း

ဂိုး - ဟန်ဒါနိုဗစ်(အင်တာမီလန်)

နောက်တန်း - ကန်ဆယ်လို၊ ချီလီနီ(ဂျူဗင်တပ်စ်)၊ ကူလီဘလီ(နာပိုလီ)၊ ကိုလာရော့ဗ်(ရိုးမား)

အလယ်တန်း - ဘာရယ်လာ(ကာဂလီယာရီ)၊ ယာနစ်(ဂျူဗင်တပ်စ်)၊ အီလီချစ်(အတ္တလန်တာ)

ရှေ့တန်း - စီရော်နယ်လ်ဒို(ဂျူဗင်တပ်စ်)၊ ဇာပါတာ(အတ္တလန်တာ)၊ ကွာဂလီရယ်လာ(ဆမ်ဒိုးရီးယား)