နယူးကာဆယ်နှင့်ပွဲတွင် သရေကျခဲ့သော်လည်း မန်စီးတီးအသင်းကစားပုံကိုနည်းပြ ဂွါဒီယိုလာ ချီးကျူးခဲ့ပြီး အသင်း၏အခြေအနေကို အကောင်းဘက်မှရှုမြင်

နယူးကာဆယ်နှင့်ပွဲတွင် သရေကျခဲ့သော်လည်း မန်စီးတီးအသင်းကစားပုံကိုနည်းပြ ဂွါဒီယိုလာ ချီးကျူးခဲ့ပြီး အသင်း၏အခြေအနေကို အကောင်းဘက်မှရှုမြင်
Photos: AFP,Reuters
Photos: AFP,Reuters
Published 1 December 2019

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် နယူးကာဆယ်နှင့် နှစ်ဂိုးစီသ ရေကျသည့်ပွဲမှ အသင်းကစားပုံကို ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့ ပြီး ယင်းပွဲအခြေအနေကို အကောင်းဘက်မှ ရှုမြင်သုံးသပ်ခဲ့သည်။

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာ သည် နယူးကာဆယ်နှင့် နှစ်ဂိုးစီသ ရေကျသည့်ပွဲမှ အသင်းကစားပုံကို ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့ ပြီး ယင်းပွဲအခြေအနေကို အကောင်းဘက်မှ ရှုမြင်သုံးသပ်ခဲ့သည်။

"ကျွန်တော်တို့ ကောင်းမွန်တဲ့ အဆင့်တစ်ခုနဲ့ ကစားနိုင်ခဲ့ပါတယ်။ Set-piece တွေ ကာကွယ်တာအပါ အဝင် အရာအားလုံးပေါ့။ ကျွန်တော် တို့ဟာ ဘောလုံးနဲ့အတူ အကောင်း ဆုံး ရွေ့လျားနိုင်ခဲ့ပါတယ်။ ဂိုးဧရိ ယာအပြင်ဘက်မှာ Space တွေ ရှာ ဖွေနိုင်ခဲ့ပြီး အထူးသဖြင့် ဘင်ဂျမင် (မန်ဒီ)က အကောင်းဆုံးစွမ်းဆောင် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးရှေ့ ကို အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါ ဘူး။ (အိမ်ရှင်အသင်း ခံစစ်ကစားပုံ နဲ့ပတ်သက်ပြီး) ပြီးခဲ့တဲ့လေးနှစ်လုံးလုံး ကျွန်တော်တို့ ဒီအရာတွေနဲ့ ဖြတ်သန်းခဲ့ရတယ်။ အမြဲလိုလိုပါပဲ။ ဒီနေ့မှာ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိပေမယ့် အဆုံးသတ်မှာတော့ ကျွန် တော်တို့ ဂိုးတစ်ဂိုးပေးလိုက်ရတယ်။ ကျွန်တော်တိို့မျှော်လင့်ထားသလို ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ခံစစ်ကို အခိုင်အမာ တည်ဆောက်ခဲ့တယ်။ ဂိုးဧရိယာထဲမှာ သူတို့အသင်းက ကစားသမား ၁၀ ဦးလောက် ရှိနေတတ်တယ်။  ဒါက ဒီလိုနေ့များစွာတွေထဲက တစ်aန့ပေါ့။ သူတို့ဟာ ခံစစ်ကို အလွန်အမင်း ဆင်းကစားခဲ့တယ်။ ကျွန်aတာ်တို့ကတော့ ကစားပုံကောင်းလွန်းခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်aတာ်တို့ ဘယ်-ညာ-ညာ-ဘယ်တွေ ကို ပိုပြီးရွေ့လျားခဲ့သင့်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခွင့်အရေးတွေ လုံလောက်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဂိုးပေါက်တည့်နှစ်ကြိမ်ကန်ချက်ကaန နှစ်ဂိုးပေးလိုက်ရတယ်။ ဧရိယာထဲမှာ သူတို့ရဲ့ကစားသမား ၁၀ ဦး လောက် ကစားနေလို့ လွယ်တော့မ လွယ်ပါဘူး။ ဒူဘရေကာကလည်း လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်" ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ဂွါဒီယိုလာ၏မန်စီးတီးအသင်းသည် ထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် ၁၁ မှတ်အထိ ကွာဟသွားခဲ့ပြီး ၂၀၁၈ ဇန်နဝါရီလနောက်ပိုင်း ပရီးမီးယားလိဂ်အဝေး ကွင်းနှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရခြင်းလည်းဖြစ်သည်။