တံကောက်ကြောဒဏ်ရာကြောင့် ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီ (၁၀)ပတ်ခန့် အနားယူရဖွယ်ရှိ

တံကောက်ကြောဒဏ်ရာကြောင့် ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီ (၁၀)ပတ်ခန့် အနားယူရဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 30 November 2019

ဘာစီလိုနာအသင်းတောင်ပံကစားသမား ဒမ်ဘီလီသည် တံကောက်ကြောဒဏ်ရာကြောင့် (၁၀)ပတ်ခန့် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းတောင်ပံကစားသမား ဒမ်ဘီလီသည် တံကောက်ကြောဒဏ်ရာကြောင့် (၁၀)ပတ်ခန့် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။ 

ဒမ်ဘီလီသည် နိုဝင်ဘာ (၂၇)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ဘာစီလိုနာ (၃-၁) ဒေါ့မွန်ပွဲတွင် ပွဲချိန် (၂၆) မိနစ်၌ ဒဏ်ရာရကာ ဂရီးဇ်မန်းစ်နှင့် လူစားလဲခဲ့ရသည်။ 

ဘာစီလိုနာအသင်းသည် ဒမ်ဘီလီ၏ ဒဏ်ရာအခြေအနေကို စစ်ဆေးခဲ့ပြီး (၁၀) ပတ်ခန့်အနားယူရမည်ဖြစ်ကာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအလယ်ပိုင်းအထိ ကစားနိုင်ဖွယ်မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဘာစီလိုနာအသင်း၏ ထုတ်ပြန်ချက်တွင် "ဆေးစစ်ဆေးမှုများအရ အသင်းတောင်ပံကစားသမား ဒမ်ဘီလီသည် ညာဘက်တံကောက်ကြောတွင် ကြွက်သားဒဏ်ရာ ရခဲ့ကြောင်းနှင့် ဒမ်ဘီလီအနေဖြင့် (၁၀)ပတ်ခန့် အနားယူရဖွယ်ရှိနေကြောင်း" ပါရှိသည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီသည် ယခုရာသီတွင် ဘာစီလိုနာအသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်ပြီး ပြိုင်ပွဲစုံ (၉)ပွဲသာ ကစားထားရသေးကာ (၁)ဂိုးသွင်းယူပေးထားသည်။

ဘာစီလိုနာအသင်းသည် ဒမ်ဘီလီအား ၂၀၁၇ ခုနှစ်တွင် PSG အသင်းသို့ ပြောင်းရွှေ့သွားသည့် နေမာ၏နေရာ၌ အစားထိုးရန် ခေါ်ယူခဲ့သော်လည်း ဒမ်ဘီလီသည် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၇၄)ပွဲတွင် (၁၉)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

 

Most Read

Most Recent