နည်းပြ အူနိုင်းအမ်မရီအား ရာထူးမှ ထုတ်ပယ်ပြီး ကစားသမားဟောင်း ယွန်းဘတ်ကို ယာယီနည်းပြအဖြစ် အာဆင်နယ်အသင်း ခန့်အပ်

နည်းပြ အူနိုင်းအမ်မရီအား ရာထူးမှ ထုတ်ပယ်ပြီး ကစားသမားဟောင်း ယွန်းဘတ်ကို ယာယီနည်းပြအဖြစ် အာဆင်နယ်အသင်း ခန့်အပ်
Photos: Getty Images
Photos: Getty Images
Published 29 November 2019

အာဆင်နယ်အသင်းသည် ယခုရာသီပြိုင်ပွဲစုံ (၇)ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီးနောက် အသင်းနည်းပြ အူနိုင်းအမ်မရီအား ရာထူးမှထုတ်ပယ်ကာ အသင်းကစားသမားဟောင်း တစ်ဦးဖြစ်သူ ယွန်းဘတ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုဝင်ဘာ (၂၉) ရက်တွင် အတည်ပြုထုတ်ပြန်သည်။ 

အာဆင်နယ်အသင်းသည် ယခုရာသီပြိုင်ပွဲစုံ (၇)ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီးနောက် အသင်းနည်းပြ အူနိုင်းအမ်မရီအား ရာထူးမှထုတ်ပယ်ကာ အသင်းကစားသမားဟောင်း တစ်ဦးဖြစ်သူ ယွန်းဘတ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုဝင်ဘာ (၂၉) ရက်တွင် အတည်ပြုထုတ်ပြန်သည်။ 

အာဆင်နယ်အသင်းသည် အသက် ၄၈ နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြ အမ်မရီကို ၂၀၁၈ ခုနှစ်၊ မေလတွင် အသင်းကိုကာလကြာရှည်စွာ ကိုင်တွယ်ခဲ့သည့် နည်းပြ အာစင်ဝင်းဂါး၏နေရာ၌ အစားထိုးခန့် အပ်ခဲ့သည်။ 

အမ်မရီသည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်တွင် အဆင့်(၅)နေရာသာ ရယူပေးနိုင်ခဲ့သော်လည်း ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ပို့ပေးနိုင်ခဲ့သည်။  သို့သော် ယခုရာသီတွင် အာဆင်နယ်အသင်းမှာ ရလဒ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၁၃)အပြီးတွင် ရမှတ်  (၁၈)မှတ်ဖြင့် အဆင့် (၈)နေရာသို့ ရောက်ရှိ နေကာ အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်(၃၇ မှတ်)နှင့် (၁၉)မှတ်အထိ ကွာဟနေသည်။

    

ထို့ပြင် အာဆင်နယ်အသင်းသည် နိုဝင်ဘာ (၂၈) ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်အုပ်စု ပွဲစဉ် ဖရန့်ဖတ်အသင်းအား အိမ်ကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ ပြိုင်ပွဲစုံနိုင်ပွဲပျောက် ဆုံးမှုမှာ (၇)ပွဲအထိရှိလာခဲ့ပြီးနောက် နည်းပြ အမ်မရီအား ရာထူးမှထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။  အာဆင်နယ်အသင်း၏ ထုတ်ပြန်ချက်တွင် အသင်းအနေဖြင့် မျှော်မှန်းထားသလို မစွမ်းဆောင်နိုင်ခဲ့ခြင်းနှင့် ရလဒ်ဆိုးရွားမှုများကြောင့် အမ်မရီကို ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။ 

အာဆင်နယ်အသင်းသည် အမ်မရီအားထုတ်ပယ်ပြီးနောက် လစ်လပ်သွားသည့် နည်းပြရာထူးတွင် အမ်မရီ၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသည့် အသင်းကစား သမားဟောင်း ဖရက်ဒီယွန်းဘတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ 

    

အာဆင်နယ်အသင်းသည် အမ်မရီ၏ နေရာတွင် ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်းတို့စ်ကို ခန့်အပ်လိုသော်လည်း လက်ရှိတွင် အဆင်မပြေသေးသည့်အတွက် ယွန်းဘတ်ကို ယာယီ နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြသည်။ အာဆင်နယ်နည်းပြသစ်ဖြစ်လာရန်  နူနိုဆန်းတို့စ်အပြင် မန်စီးတီးလက်ထောက်နည်းပြ အာတီတာ၊ စပါးနည်းပြဟောင်း ပိုချက်တီနိုနှင့် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီတို့ ရေပန်းစားနေကြောင်း သိရသည်။

 

Most Read

Most Recent