မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ဒီဇင်ဘာလအတွင်း မြန်မာရုပ်ရှင်ဇာတ်ကားသစ် ရှစ်ကား ရုံတင်ပြသမည်

မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ဒီဇင်ဘာလအတွင်း မြန်မာရုပ်ရှင်ဇာတ်ကားသစ် ရှစ်ကား ရုံတင်ပြသမည်
Published 26 November 2019
စုမှူးနိုင်

မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ဒီဇင်ဘာလအတွင်း မြန်မာရုပ်ရှင်ဇာတ် ကားသစ်ရှစ်ကား ရုံတင်ပြသမည်ဟု သိရ သည်။  ဒီဇင်ဘာလပထမပတ်တွင် ဒါရိုက်တာ ခင်လှိုင် ရိုက်ကူးပြီး ခန့်စည်သူ၊ မြင့်မြတ်၊ ခင်လှိုင်၊ ရွှေသမီး၊ ပက်ထရစ်ရှာနှင့် အနုပညာရှင် များစွာပါဝင်ထားသည့် ‘တောက်ချလိုက်မယ်’ ဇာတ်ကားနှင့် ‘သန်းခေါင်ယံ’ ဇာတ်ကားနှစ်ကား အပြိုင်ပြသမည်ဖြစ်သည်။ ‘သန်းခေါင် ယံ’ ဇာတ်ကားကို ဒါရိုက်တာ အောင်မြတ် ရိုက်ကူးထားပြီး စိုင်းဝဏ္ဏအောင်၊ အောင်ရဲထိုက်၊ သင်ဇာဝင့်ကျော်၊ နန်းခင်ဇေယျာနှင့် စိုးမြတ်သူဇာတို့ ပါဝင်ထားသည်။

ဒီဇင်ဘာလဒုတိယပတ်တွင် ဒါရိုက်တာ ရာဇဝင်ကိုရိုက်ကူးပြီး ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ သူရိယ၊ ခိုင်သင်းကြည်၊ ယုသန္တာ တင်နှင့် အနုပညာရှင်များပါဝင် ထားသည့် ‘ရည်းစားတစ်ခုလပ်များ’ ဟာသရုပ်ရှင်ဇာတ်ကား နှင့် ‘ရှင်ဥပဂုတ္တ’ ဇာတ်ကားနှစ်ကား ပြသမည်ဖြစ်သည်။

‘ရှင်ဥပဂုတ္တ’ ဇာတ်ကားကို ဒါရိုက်တာ အကယ်ဒမီ ၀ါ၀ါဝင်းရွှေ ရိုက်ကူးထားပြီး ရန်အောင်၊ ရဲအောင်၊ နေမျိုးအောင်၊ ၀ါဇင်၊ ခိုင် ထူးသာ၊ ၀ါ၀ါဝင်းရွှေ၊ ဆုပန်ထွာ၊ လီလီကျော် နိုင်နှင့် အနုပညာရှင်များစွာပါဝင်ထား သည်။

ဒီဇင်ဘာလတတိယပတ်တွင် ဒါရိုက်တာကျော်သူရိုက်ကူးထားပြီး ကျော်သူ၊ ဒေါင်း၊ ထွန်းကိုကို၊ ထူးအောင်၊ မို့မို့မြင့်အောင်၊ ရတနာဗိုလ်နှင့် မေမြင့်မိုရ်တို့ အဓိကပါဝင်သရုပ် ဆောင်ထားသည့် 1014’ ဇာတ်ကားနှင့်      ‘တိမ်တွေပေါ်က ပန်း’ ဇာတ်ကားနှစ်ကား ပြသမည်ဖြစ်သည်။

ကိုရီးယားနှင့် မြန်မာအနုပညာရှင်များ ပူးပေါင်းပါဝင်သည့် ‘တိမ်တွေပေါ်က ပန်း’ ဇာတ်ကားကို ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူးထားပြီး ကျော်ထက်အောင်၊ ဝတ်မှုန်ရွှေရည်၊ မေသန်းနုတို့နှင့်အတူ ကိုရီးယားမင်းသား Ryu Sang Wook နှင့် အနုပညာရှင် များစွာပါဝင်ထားသည်။

ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရိုက်ကူးပြီး နေတိုး၊ သက်မွန်မြင့်နှင့် ရွှေသမီးတို့ပါဝင် ထားသည့် ‘ချည်’ ဇာတ်ကားနှင့် ‘ကြောက်  ကြောက် ကြောက် ၂’ ဇာတ်ကားနှစ်ကားပြသ မည် ဖြစ်သည်။ ‘ကြောက် ကြောက် ကြောက် ၂’ ဇာတ်ကားကို ဒါရိုက်တာသြရသ ရိုက်ကူးထားပြီး နေတိုး၊ ထွန်းထွန်း၊ တိုင်ရွန်၊ နန်းဆုဦး၊ မေမြင့်မိုရ်နှင့် အနုပညာရှင်များစွာပါဝင်ထား သည်ဟု သိရသည်။

Most Read

Most Recent