ရွန်နီ၏ အင်္ဂလန်ဂိုးသွင်းစံချိန်ကို ဟာရီကိန်း ချိုးဖျက်နိုင်စွမ်းရှိသည်ဟု ပီတာရှီလ်တန် ပြောကြား

ရွန်နီ၏ အင်္ဂလန်ဂိုးသွင်းစံချိန်ကို ဟာရီကိန်း ချိုးဖျက်နိုင်စွမ်းရှိသည်ဟု ပီတာရှီလ်တန် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 17 November 2019

အင်္ဂလန်ဂန္ထဝင်ဂိုးသမား ပီတာရှီလ်တန်က အသင်းတိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် ရွန်နီ၏ အင်္ဂလန်ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်စွမ်းရှိနေကြောင်း ချီးကျူးပြောကြားခဲ့သည်။

အင်္ဂလန်ဂန္ထဝင်ဂိုးသမား ပီတာရှီလ်တန်က အသင်းတိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် ရွန်နီ၏ အင်္ဂလန်ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်စွမ်းရှိနေကြောင်း ချီးကျူးပြောကြားခဲ့သည်။

ဟာရီကိန်းသည် နိုဝင်ဘာ (၁၄)ရက်က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ် အင်္ဂလန် (၇-၀) မွန်တီနီဂရိုးပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် အင်္ဂလန်အသင်းအတွက် သွင်းဂိုး (၃၁)ဂိုးအထိ ရှိလာခဲ့သည်။

ထို့ကြောင့် ဟာရီကိန်းသည် အင်္ဂလန်အသင်းဂိုးသွင်းအများဆုံးစာရင်း၌ နာမည်ကျော်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကိုကျော်ကာ အဆင့် (၆)နေရာတွင် ရပ်တည်နိုင်ခဲ့သော်လည်း ထိပ်ဆုံးတွင် ရပ်တည်နေသည့် ရွန်နီ (၅၃ ဂိုး)အား ကျော်ဖြတ်ရန် (၂၃)ဂိုး လိုအပ်နေသေးသည်။

ပီတာရှီလ်တန်က "ဟာရီကိန်းဟာ ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ရွန်နီရဲ့ စံချိန်ကို ချိုးဖျက်နိုင်စွမ်းရှိနေပါတယ်။ ဟာရီကိန်းက ဂိုးတွေပဲ သွင်းနိုင်တာ မဟုတ်ပါဘူး။ အသင်းနဲ့လည်း အဆင်ပြေအောင် ကစားနိုင်သူပါ။ သူ့အနေနဲ့ ဒီထက်ပိုကောင်းလာဦးမှာပါ"ဟု ပြောကြားခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ ဟာရီကိန်းသည် ၂၀၁၅ ခုနှစ်တွင် အင်္ဂလန်အသင်းအတွက် စတင်ပွဲထွက်ခဲ့ပြီး ပြိုင်ပွဲစုံ (၄၄)ပွဲတွင် (၃၁)ဂိုး သွင်းယူထားသည်။ ထို့ပြင် ဟာရီကိန်းသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း သွင်းဂိုး (၅)ဂိုးဖြင့် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သည်။