နောက်ထပ်ထိုးသတ်မည့်ပွဲမှာ ၂၀၂၀ ပြည့်နှစ် မတ်လ အစောဆုံးဖြစ်မည်ဟု MMA ကစားသမား အောင်လအန်ဆန် ဆို

နောက်ထပ်ထိုးသတ်မည့်ပွဲမှာ ၂၀၂၀ ပြည့်နှစ် မတ်လ အစောဆုံးဖြစ်မည်ဟု MMA ကစားသမား အောင်လအန်ဆန် ဆို
Photos : Aung La Nsang(Burmese Python)  Facebook
Photos : Aung La Nsang(Burmese Python) Facebook
Published 12 November 2019

မြန်မာပြည်နွယ်ဖွား MMA ကစားသမား အောင်လအန်ဆန်က နောက်ထပ်ထိုးသတ်မည့်ပွဲမှာ လာမည့် ၂၀၂၀ ပြည့်နှစ် မတ်လ အစောဆုံးဖြစ်မည်ဟု Eleven Broadcasting နှင့် သီးသန့်တွေ့ဆုံမှု၌ ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်လအန်ဆန်က ''သူတို့(One Championship)နဲ့  Schedule ကို ရှာရမှာပါ။ ဒါပေမဲ့ အစောဆုံးက ၂၀၂၀ ပြည့်နှစ် မတ်လဖြစ်မယ်ထင်ပါတယ်။ ဆရာဝန်က လက်ရဲ့ဒဏ်ရာကို နေရာတကျဖြစ်အောင် ခွဲစိတ်ကုသမှုပြုလုပ်တာ ပါ။ အခုတော့ နေရာတကျဖြစ်သွားပါပြီ။ ကျွန်တော့်ရဲ့စိတ်မှာ UFC က အကောင်းဆုံး Organization လို့ မထင်ပါဘူး။ သူတို့ရဲ့ Value ကိုလည်း သိပ်မကြိုက်ပါဘူး။ တကယ်လို့ တွေ့ဆုံခဲ့မယ်ဆိုရင် သူတို့ဆီက ချန်ပီယံနဲ့ ကစားချင်ပါတယ်။ Training Camp နဲ့ကြည့်မယ်ဆိုရင် ဘရန်ဒန်ဗီရာနဲ့ပွဲက အခက်ခဲဆုံးဖြစ်မယ်ထင်ပါတယ်။ ခက်ခဲမှုကတော့ အားတင်းပြီး တဖြည်းဖြည်းကျော်ဖြတ်သွားနိုင်ပါတယ်။ အားလုံးကိုအရမ်းချစ်တယ်၊ အားလုံးကို အရမ်းကျေးဇူးတင်တယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သွားကစားရင် အားပေးတဲ့ မြန်မာပရိသတ်တွေ ရှိပါတယ်။ ဂျပန်နိုင်ငံမှာတောင် ကျွန်တော့်နာမည်ကိုခေါ်ပြီး အားပေးတဲ့မြန်မာတွေ အများကြီးရှိပါတယ်''ဟု ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် လက်ရှိအချိန်၌ မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေလျက်ရှိသည်။

Most Read

Most Recent