အေဘရာဟမ်ကို တစ်ပတ်လစာပေါင် (၁)သိန်းဖြင့် နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ချယ်လ်ဆီးအသင်း စီစဉ်

အေဘရာဟမ်ကို တစ်ပတ်လစာပေါင် (၁)သိန်းဖြင့် နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ချယ်လ်ဆီးအသင်း စီစဉ်
Photo: Daily Mail
Photo: Daily Mail
Published 23 October 2019

 

ချယ်လ်ဆီးအသင်းသည် အသင်း၏ လူငယ်တိုက်စစ်မှူး အေဘရာဟမ်ကို တစ်ပတ်လစာပေါင် (၁)သိန်းဖြင့် နှစ်ရှည်စာချုပ်ချုပ်ဆိုရန်  စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။ 

 

 

ချယ်လ်ဆီးအသင်းသည် အသင်း၏ လူငယ်တိုက်စစ်မှူး အေဘရာဟမ်ကို တစ်ပတ်လစာပေါင် (၁)သိန်းဖြင့် နှစ်ရှည်စာချုပ်ချုပ်ဆိုရန်  စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်သည် ယခုရာသီတွင်မှ ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၉)အပြီးတွင် (၈)ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးစာရင်း၌ မန်စီးတီး ၀ါရင့်တိုက်စစ်မှူး အဂွဲရိုးနှင့်အတူ ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် အေဘရာဟမ်အား စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းလျက်ရှိပြီး မကြာမီတွင် အကောင်အထည်ပေါ်ဖွယ်ရှိနေကြောင်း Sky Sport သတင်းဌာနက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းနှင့် အေဘရာဟမ်၏ လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း ချယ်လ်ဆီးအသင်းအနေဖြင့် ၄င်းကိုလစာတိုးပေးကာ နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

အေဘရာဟမ်သည် ချယ်လ်ဆီးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၁၂)ပွဲပါဝင်ကစားထားပြီး (၉) ဂိုးသွင်းယူပေးထားသည်။ 

ချယ်လ်ဆီးအသင်းသည် ယခုရာသီအစပိုင်းကတည်းက အသင်း၏ လူငယ်ကစားသမားများကို စာချုပ်သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အသင်း၌ ခြေစွမ်းပြနေသည့် မေဆန်မောင့်ကိုလည်း စာချုပ်သက်တမ်းတိုးရန်စီစဉ်လျက်ရှိကြောင်းသိရှိရသည်။

 

Most Read

Most Recent