မိမိမြင်တွေ့သမျှ ကစားသမားများထဲတွင် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို အကောင်းဆုံးဟု မော်ရင်ဟို ပြောကြား

မိမိမြင်တွေ့သမျှ ကစားသမားများထဲတွင် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို အကောင်းဆုံးဟု မော်ရင်ဟို ပြောကြား
Photos: Getty Images
Photos: Getty Images
Published 12 October 2019

နာမည်ကျော် ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုက မိမိမြင်တွေ့ဖူးသမျှ ကစားသမားများထဲတွင် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုက အကောင်းဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

နာမည်ကျော် ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုက မိမိမြင်တွေ့ဖူးသမျှ ကစားသမားများထဲတွင် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုက အကောင်းဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

နည်းပြဘဝတွင် ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူအသင်းတို့လို ထိပ်တန်းအသင်းများကို ကိုင်တွယ်ဖူးသည့် မော်ရင်ဟိုသည် ထိပ်တန်းကစားသမားများစွာနှင့် လက်တွဲဖူးသူဖြစ်သည်။ 

မော်ရင်ဟိုသည် လက်ရှိတွင် အကောင်းဆုံးဘောလုံးသမားများအဖြစ် သတ်မှတ်ခံထားရသည့် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ကို ကျော်ကာ ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုကို ၎င်းမြင်တွေ့ဖူးသမျှ ကစားသမားများထဲတွင် အကောင်းဆုံးအဖြစ် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

မော်ရင်ဟိုက "မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ ဘောလုံးလောကအပေါ် လွှမ်းမိုးမှုက (၁၅)နှစ်လောက်ရှိပါပြီ။ အဲဒီကာလအတွင်း သူတို့ဟာ အကောင်းဆုံးအဖြစ် ဘယ်သူမှကျော်မရအောင် ရပ်တည်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ပါရမီ၊ စွမ်းရည်စတဲ့ အကြောင်းအရာတွေကို ထည့်တွက်ပြီး ပြောရမယ်ဆိုရင်တော့ ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်လ်ဒိုထက် သာတဲ့ ကစားသမား မရှိပါဘူး။ ကျွန်တော် ဘာစီလိုနာအသင်းမှာ ဘော်ဘီရော့ဘ်ဆင်နဲ့ အလုပ်တွဲလုပ်တော့ ရော်နယ်လ်ဒိုက ကွင်းထဲမှာ ဘယ်လောက်ကောင်းတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ သူရဲ့ ကစားသမားဘဝကို ဒဏ်ရာတွေက သတ်ခဲ့တာပါ။ သူသာ ဒဏ်ရာကင်းစင်ခဲ့မယ်ဆိုရင် ဘယ်လောက်အထိ ကောင်းလိုက်မလဲ မသိဘူး"ဟု ပြောကြားခဲ့သည်။ 

ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုသည် ကစားသမားဘဝတွင် ဘာစီလိုနာ၊ အင်တာမီလန်၊ အေစီမီလန်၊ ရီးယဲလ်မက်ဒရစ် စသည့် ထိပ်တန်းအသင်းများအပါအဝင် ကလပ်အသင်းပေါင်း (၇)သင်းတွင် ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၅၁၈)ပွဲတွင် (၃၅၂)ဂိုး သွင်းယူနိုင်ခဲ့သည်။ 

ထို့ပြင် ရော်နယ်လ်ဒိုသည် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်လည်း (၉၈)ပွဲတွင် (၆၂)ဂိုး သွင်းယူပြီး ကမ္ဘာ့ဖလား (၂)ကြိမ် ရယူနိုင်ခဲ့သည်။ 

တစ်ဦးချင်းဆုတံဆိပ်များအပြင် ကလပ်အသင်းများနှင့်ပါ ဆုတံဆိပ်များစွာ ရယူနိုင်ခဲ့သည့် ရော်နယ်လ်ဒိုသည် ၂၀၁၁ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီး ထာဝရအကောင်းဆုံးဘောလုံးသမားများထဲတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ 

 

Most Read

Most Recent