ဂျာမန်အသင်းလူစာရင်းမှ တိုက်စစ်မှူး ဗာနာ ထပ်မံနုတ်ထွက်

ဂျာမန်အသင်းလူစာရင်းမှ တိုက်စစ်မှူး ဗာနာ ထပ်မံနုတ်ထွက်
Photos: AFP / bangkokpost.com
Photos: AFP / bangkokpost.com
Published 9 October 2019

    လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး ဗာနာသည် နေမကောင်းဖြစ်မှုကြောင့် ဂျာမနီလက်ရွေးစင်အသင်းလူစာရင်းမှ ထပ်မံနုတ်ထွက်ခဲ့ကြောင်း သိရသည်။

 

 

    လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး ဗာနာသည် နေမကောင်းဖြစ်မှုကြောင့် ဂျာမနီလက်ရွေးစင်အသင်းလူစာရင်းမှ ထပ်မံနုတ်ထွက်ခဲ့ကြောင်း သိရသည်။

    ဂျာမနီအသင်းသည် ယနေ့ညတွင် အာဂျင်တီးနားနှင့် အိမ်ကွင်းခြေစမ်းပွဲ၊ အောက်တိုဘာ (၁၃) ရက်တွင် ယူရိုခြေစစ်ပွဲ အဝေးကွင်းပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ လက်ရှိတွင် ဂျာမနီအသင်း၌ ဒဏ်ရာပြဿနာများနေပြီး ဗာနာမတိုင်မီ ကရို့စ်၊ ဟက်တာ၊ ဂျင်တာစသည့် ကစားသမားများလည်း အသင်းလူစာရင်းမှ နုတ်ထွက်ထားခဲ့သည်။ 

 

မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်မှာလည်း အာဂျင်တီးနားနှင့်ကစားမည့်ခြေစမ်းပွဲကို လွဲချော်မည်ဖြစ်သည်။ ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးက ဒေါ့မွန်ဝါရင့်နောက်ခံလူ ဟမ်းမဲလ်ကို ပြန်လည်ရွေးချယ်မည့်သတင်းများအား ပယ်ချခဲ့ပြီး ဟော်ဖန်ဟင်မ်ကွင်း လယ်လူ ရူဒီ၊ ဖရိုင်းဘတ်နောက်ခံလူ ခို့ချ်၊ ရှော်လ်ကေးကွင်းလယ်လူ ဆယ်ဒါတို့နှင့် အစားထိုးခဲ့သည်။

ဂျာမနီအသင်းသည် ယနေ့ည (မြန်မာစံတော်ချိန် ၁း၅ မိနစ်)တွင် ခြေစမ်းပွဲစဉ်အဖြစ် ဒေါ့မွန်အသင်း၏အိမ်ကွင်း၌ အာဂျင်တီးနားအသင်းအား လက်ခံကစားရမည််ဖြစ်သည်။ 

 

Most Read

Most Recent