ယင်းစစ်တမ်းကို ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်ပြီး အမုန်းတရားကြောင့်ဖြစ်ပွားသည့်မှုခင်းဖြစ်ရပ်မှာ ၂၀၁၇-၂၀၁၈ ရာသီက ပွဲစဉ် ၁၃၁ ပွဲတွင်ဖြစ်ပွားခဲ့ရာမှ ၂၀၁၈-၂၀၁၉ ရာသီတွင် ၁၉၃ ပွဲအထိ (၄၇ ရာခိုင်နှုန်း) မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်အားလုံး၏ ၇၉ ရာခိုင်နှုန်းမှာ အသားအရောင်ခွဲခြားမှုကြောင့်ဖြစ်ပွားသည့် မှုခင်းဖြစ်ရပ်များဖြစ်ကာ လူမျိုးရေးခွဲခြားမှုကြောင့် ဖမ်းဆီးခံရသူ အရေအတွက်မှာမူ ၂၀၁၇-၂၀၁၈ ရာသီထက် တစ်ဦးလျော့ကျသွားပြီး ၁၄ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
၂၀၁၈-၂၀၁၉ ရာသီတွင် အင်္ဂလန်နှင့် ဝေးလ်စ်ရှိ ဘောလုံးပွဲများ၌ အမုန်းတရားကြောင့်ဖြစ်ပွားသည့် မှုခင်းဖြစ်ရပ်စုစုပေါင်းမှာ ယခင်ရာသီထက် ၄၇ ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်သည့်စစ်တမ်းအရ သိရှိရသည်။
ယင်းစစ်တမ်းကို ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်ပြီး အမုန်းတရားကြောင့်ဖြစ်ပွားသည့်မှုခင်းဖြစ်ရပ်မှာ ၂၀၁၇-၂၀၁၈ ရာသီက ပွဲစဉ် ၁၃၁ ပွဲတွင်ဖြစ်ပွားခဲ့ရာမှ ၂၀၁၈-၂၀၁၉ ရာသီတွင် ၁၉၃ ပွဲအထိ (၄၇ ရာခိုင်နှုန်း) မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်အားလုံး၏ ၇၉ ရာခိုင်နှုန်းမှာ အသားအရောင်ခွဲခြားမှုကြောင့်ဖြစ်ပွားသည့် မှုခင်းဖြစ်ရပ်များဖြစ်ကာ လူမျိုးရေးခွဲခြားမှုကြောင့် ဖမ်းဆီးခံရသူ အရေအတွက်မှာမူ ၂၀၁၇-၂၀၁၈ ရာသီထက် တစ်ဦးလျော့ကျသွားပြီး ၁၄ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ထို့အပြင် ဘောလုံး နှင့်ဆက်စပ်သည့်ဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသည့်အရေအတွက်မှာလည်း ၁၀ ရာခိုင်နှုန်းလျော့ကျသွားပြီး ၁၃၈၁ ဦး ဖမ်ဆီးခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသည့်ဖြစ်စဉ် များအနက် အများပြည်သူအနှောင့် အယှက်ဖြစ်စေမှုမှာ အရေအတွက် အများဆုံးဖြစ်ပြီး ၅၂၄ ဦးအထိ ဖမ်းဆီးခံခဲ့ရသည်။ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ဖမ်းဆီးခံရသူ ၂၆၀ ဦးရှိပြီး ကွင်းအတွင်းကျူးကျော် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ အရေအတွက်မှာလည်း ၁၅၈ ဦးရှိကြောင်း သိရသည်။

ကလပ်အသင်းအလိုက် ဖမ်းဆီးခံရမှုအများဆုံးစာရင်းတွင် လိဂ်ချန်ပီယံရှစ်ကလပ် စတုတ်စီးတီး အသင်းက ၈၀ ဦးဖြင့် အများဆုံးဖြစ် ပြီး ၎င်းတို့အနက် ၆၂ ဦးမှာ ပွဲစဉ်တစ်ပွဲတည်း၌ လူမှုကွန်ရက်တွင် ဝေဖန်ရေး သားပြောဆိုမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်း၏ နောက်တွင် လိဒ်စ်အသင်းက ၄၉ ဦး ဖြင့် ဒုတိယနှင့် အက်စတွန်ဗီလာ အသင်းက ၄၂ ဦးဖြင့် တတိယအများ ဆုံး ဖမ်းဆီးခံခဲ့ရသည်။ ကန့်သတ် တားမြစ်ချက် အများဆုံးချိုးဖောက်သည့်အသင်းမှာမူ နယူးကာဆယ်ဖြစ် ပြီး ၇၁ ကြိမ် ဖောက်ဖျက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘောလုံးလောကအတွင်း ခွဲခြားဆက်ဆံမှု ဖြစ်ရပ်များမှာ ခုနစ်နှစ်ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။ လူမျိုးရေးခွဲခြားမှုဖြစ်ရပ်များမှာလည်း ယခုနှစ်အတွင်း မကြာခဏဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့်ရာသီက စတာလင် (မန်စီးတီး)၊ အူဘာမီယန်း (အာဆင်နယ်)၊ ဟတ်ဆန်အိုဒွိုင်း (ချယ်လ်ဆီး) တို့ လူမျိုးရေးခွဲခြားခံရသလို ယခုရာသီတွင် ပေါ့ဘာ၊ ရပ်ရှ်ဖို့ဒ် (မန်ယူ)၊ အေဘရာဟမ် (ချယ်လ်ဆီး) တို့ ပယ်နယ်တီလွဲချော်မှုကြောင့် လူမှုကွန်ရက်များတွင် လူမျိုးရေးခွဲခြားခံခဲ့ရသည်။

ယခုအခြေအနေနှင့်ပတ်သက်၍ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) နှင့် လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအဖွဲ့ (Kick It Out) က ခွဲခြားမှုပြုလုပ်သည့်လုပ်ရပ်အားလုံးကို ရှုတ်ချ ကြောင်းနှင့် ဖြစ်ပွားသည့်အရေအတွက်မှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်သည်။ Twitter ကုမ္ပဏီကလည်း ဘောလုံးသမားများ လူမျိုးရေးခွဲခြားခံရသည့်ဖြစ်ရပ်များအတွက် ပရီးမီးယားလိဂ်၊ EFL (အင်္ဂလိပ်ဘောလုံးလိဂ်)၊ FA တာဝန်ရှိသူများနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။