စပါးအသင်းနည်းပြ ပိုချက်တီနိုက လက်ရှိလူစာရင်းမှာ အကောင်းဆုံးလူစာရင်းဟု မယုံကြည်ဘဲ ရာသီကုန်ချိန်တွင်ထွက်ပေါ်မည့်ရလဒ်ကို စောင့်ကြည့်ရန်လိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။
စပါးအသင်းနည်းပြ ပိုချက်တီနိုက လက်ရှိလူစာရင်းမှာ အကောင်းဆုံးလူစာရင်းဟု မယုံကြည်ဘဲ ရာသီကုန်ချိန်တွင်ထွက်ပေါ်မည့်ရလဒ်ကို စောင့်ကြည့်ရန်လိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။
စပါးအသင်းသည် ကွင်းသစ်တည်ဆောက်မှုကြောင့် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ရာသီ အပြောင်းအရွှေ့ကာလနှစ်ခုစလုံးတွင် ကစားသမားသစ်တစ်ဦးမျှ ခေါ်ယူခဲ့ခြင်းမရှိသော်လည်း ယခုနွေရာသီတွင် လိုင်ယွန်အသင်းမှ ပြင်သစ်ကွင်းလယ်လူ အန်ဒွန်ဘီလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်း၊ ဖူလ်ဟမ်အသင်းမှ အင်္ဂလန်လူငယ် ဘယ်တောင်ပံကစားသမား ဆီဆက်နွန်ကို ပေါင် (၂၅) သန်း၊ လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်အသင်းမှ အင်္ဂလန်ညာတောင်ပံကစားသမား ဂျက်ကလက်ခ်ကို ပေါင် (၁၀) သန်းဖြင့် ခေါ်ယူ အားဖြည့်ထားသည်။
သို့ဖြစ်ရာ ယခုရာသီ လူစာရင်းမှာ စပါးအသင်းကိုကိုင်တွယ်ခဲ့သည့် သက်တမ်းတစ်လျှောက် အကောင်းဆုံးလူစာရင်း ဟုတ်၊ မဟုတ် သတင်းထောက်များက မေးမြန်းခဲ့ကြသည်။
ယင်းမေးခွန်းကို ပိုချက်တီနိုက "ရာသီကုန်အထိ စောင့်ကြည့်ရမှာပါ။ အခုလောလော ဆယ်တော့ ဒါက အကောင်းဆုံးလူစာရင်းဖြစ် မယ်လို့ ကျွန်တော်မယုံကြည်ထားသေးပါဘူး။ ဒါပေမဲ့ ရလဒ်ကိုပဲကြည့်မယ်ဆိုရင်တော့ ပြီး ခဲ့တဲ့ရာသီလူစာရင်းက ပိုကောင်းတယ်လို့ ခပ်လွယ်လွယ်ပြောလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တို့က ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့လို့ပါ။ အဲဒီလိုမျိုး နောက် ထပ်တစ်ကြိမ်ဖြစ်နိုင်ဦးမလား ဒါမှမဟုတ် ဆုဖလားတစ်ခုခုရယူနိုင်မလားဆိုတာ စောင့် ကြည့်ရပါမယ်။ အဲဒါဆိုရင်တော့ ဒီရာသီ လူစာရင်းက အကောင်းဆုံးဖြစ်တယ်ဆိုတာ ပြောနိုင်ပါလိမ့်မယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။
စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၆) အပြီးတွင် (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးဖြင့် ရမှတ် (၈)မှတ်သာ ရရှိထားသည်။















