ဝဿန်ရုပ်ရှင်ပွဲတော်၏ အဖွင့်ရုပ်ရှင်ဇာတ်ကားအဖြစ် Locarno Film Festival တွင်ရွေးချယ်ခံခဲ့ရသည့် ပြာပြာညိုရောင်မှိုင်းတလဲ့လဲ့ဇာတ်ကား ပြသမည်

ဝဿန်ရုပ်ရှင်ပွဲတော်၏ အဖွင့်ရုပ်ရှင်ဇာတ်ကားအဖြစ် Locarno Film Festival တွင်ရွေးချယ်ခံခဲ့ရသည့် ပြာပြာညိုရောင်မှိုင်းတလဲ့လဲ့ဇာတ်ကား ပြသမည်
Published 24 August 2019
လင်းလင်းခိုင်

ဝဿန်ရုပ်ရှင်ပွဲတော်၏ အဖွင့်ရုပ်ရှင် ဇာတ်ကားအဖြစ် Locarno Film Festival တွင်ပြသရန် ရွေးချယ်ခံခဲ့ရသည့် ပြာပြာညို ရောင်မှိုင်းတလဲ့လဲ့ဇာတ်ကားအား ပြသသွား မည်ဖြစ်ကြောင်း သိရသည်။ ဝဿန်ရုပ်ရှင် ပွဲတော်ကို ၉ ကြိမ်မြောက်အဖြစ် စက်တင်ဘာ ၄ ရက်မှ ၉ ရက်အထိ ရန်ကုန်မြို့ ဝဇီရာရုပ် ရှင်ရုံ၊ Goethe-Institut နှင့် ဂျပန်ဖောင်ဒေး ရှင်းတို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိ ရသည်။ ပြာပြာညိုရောင်မှိုင်းတလဲ့လဲ့မှာ ဇာတ်ကားတိုဖြစ်ပြီး ဒါရိုက်တာအောင်ဖြိုး ရိုက်ကူးခြင်းဖြစ်သည်။ ယင်းဇာတ်ကားတွင် သရုပ်ဆောင် မေပိုင်စိုး၊ အားကိုးရာ၊ ဝင်းထက်၊ အောင်ခိုင်မျိုးတို့ ပါဝင်ထားကြောင်း သိရသည်။

ပြာပြာညိုရောင်မှိုင်းတလဲ့လဲ့ရုပ်ရှင် ဇာတ်ကားတိုမှာ ဖခင်ဖြစ်သူပြန်အလာကို စောင့်မျှော်နေသည့် မိခင်နှင့် သားဖြစ်သူတို့၏ ခံစားချက်မှစတင်ပြီး မိခင်နှင့် ဖခင်တို့ကြား မှဆက်ဆံရေးကို သားဖြစ်သူက နားလည်ရန် ကြိုးစားရပုံကို ပုံဖော်ထားသည့်ဇာတ်ကား တိုဖြစ်သည်။ ယင်းဇာတ်ကားတိုမှာ Locarno Film Festival ၏ တရားဝင်ရွေးချယ်မှုတွင် ပါဝင်ခွင့်ရခဲ့သည့် ဇာတ်ကားလည်းဖြစ်သည်။

Locarno International Film Festival တွင် ဒါရိုက်တာအောင်ဖြိုး၏ ]ပြာပြာညို ရောင်မှိုင်းတလဲ့လဲ့ ‘ဇာတ်ကားအား Pardi di domaini ကဏ္ဍအတွက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ Pardi di domaini ကဏ္ဍမှာ ကမ္ဘာ တစ်ဝန်းမှ Independent Filmmaker များ ဖန်တီးထားသည့် ဇာတ်ကားတိုများအား ရွေး ချယ်ပြသပေးခြင်းဖြစ်ပြီး ‘ပြာပြာညိုရောင် မှိုင်းတလဲ့လဲ့’ မြန်မာဇာတ်ကားတိုမှာလည်း World Premiere အဖြစ်ပြသခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဇာတ်ကားမှာ ဒါရိုက်တာသိဒ္ဓိ နှင့် သူသူရှိန်တို့၏ Third Floor Film Production မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ဇာတ်ကား၏ ဒါရိုက်တာအောင်ဖြိုးမှာ Myanmar Script Fund 2017 ၏ Laureate ဖြစ်ပြီး ၎င်းဖန်တီးသည့် feature Film ဖြစ် သော Fruit Gathering မှာ Jury Award ကိုရရှိခဲ့သည်။

ဝဿန်ရုပ်ရှင်ပွဲတော်ကို ၉ ကြိမ်မြောက် အဖြစ်ကျင်းပရာတွင် ဆန်ခါတင်ပြိုင်ပွဲဝင် ဇာတ်ကားများ၊ အရှေ့တောင်အာရှနိုင်ငံများ မှဆုရဇာတ်ကားတိုများ၊ Special Screening အစီအစဉ်များဖြင့် ကျင်းပသွားရန်စီစဉ်ထား ခြင်းဖြစ်သည်။                          

Most Read

Most Recent