မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ဆန်ချိုကို ဒေါ့မွန် စာချုပ်သက်တမ်းတိုး

မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ဆန်ချိုကို ဒေါ့မွန် စာချုပ်သက်တမ်းတိုး
Photos: Getty Images
Photos: Getty Images
Published 21 August 2019

အသက် (၁၉) နှစ်အရွယ်ရှိ ဆန်ချိုသည် CIES က ထုတ်ပြန်သည့် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားများစာရင်းတွင် ပေါင် (၁၄၅) သန်းဖြင့် အဆင့် (၅) နေရာတွင် ရပ်တည်နေသူဖြစ်သည်။ 

ဒေါ့မွန်အသင်းသည် မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အင်္ဂလန်လူငယ်တောင်ပံကစားသမား ဆန်ချိုကို တစ်ပတ်လစာ ပေါင် (၁၉ဝဝဝဝ) ဖြင့် နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အသက် (၁၉) နှစ်အရွယ်ရှိ ဆန်ချိုသည် CIES က ထုတ်ပြန်သည့် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားများစာရင်းတွင် ပေါင် (၁၄၅) သန်းဖြင့် အဆင့် (၅) နေရာတွင် ရပ်တည်နေသူဖြစ်သည်။ 

ဆန်ချိုကို ခေါ်ယူရန် မန်ယူအသင်းနှင့် PSG အသင်းတို့က စိတ်ဝင်စားနေကြပြီး ယခုအခါ ဒေါ့မွန်အသင်းက ယခင်လစာထက် (၃) ဆနီးပါးတိုးပေးကာ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။ 

ဆန်ချိုသည် ၂၀၁၇ ခုနှစ်တွင် မန်စီးတီးအသင်းမှ ဒေါ့မွန်အသင်းသို့ ပေါင် (၈) သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၂ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။ 

ဒေါ့မွန်အသင်းသည် ဆန်ချိုကို တစ်ပတ်လစာ ပေါင် (၇၅ဝဝဝ)မှ ပေါင် (၁၉ဝဝဝဝ)အထိ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent