နောက်ခံလူ ဖာဇီယိုအား ရိုးမားအသင်း (၂) နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

နောက်ခံလူ ဖာဇီယိုအား ရိုးမားအသင်း (၂) နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို
Photo: Twitter
Photo: Twitter
Published 21 August 2019

ရိုးမားအသင်းသည် အသင်းနောက်ခံလူ ဖာဇီယိုအား (၂) နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် (၃၂) နှစ်အရွယ်ရှိ အာဂျင်တီးနားနောက်ခံလူ ဖာဇီယိုသည် စာချုပ်သစ်အရ ရိုးမားအသင်းတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ ကစားရမည်ဖြစ်သည်။

ရိုးမားအသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်း ဖာဇီယိုက ပြောကြားခဲ့သည်။

ဖာဇီယိုက "ဒါက ရိုးမားအသင်းနဲ့ ဒုတိယအကြိမ်မြောက် စာချုပ်သက်တမ်းတိုးခြင်းဖြစ်ပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက်  ကျွန်တော် အရမ်းကျေနပ်ပါတယ်။ ရိုးမားအသင်းက ကျွန်တော့်အပေါ် ယုံကြည်မှုအပြည့်ရှိပြီး ဒါက ကစားသမားတစ်ယောက်အတွက် အလိုအပ်ဆုံးအရာလည်း ဖြစ်ပါတယ်။ ဒီအသင်းမှာ အချိန်အကြာကြီးဆက်ရှိလိုပြီး အကောင်းဆုံးပြန်လည်ပေးဆပ်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

ဖာဇီယိုသည် ၂၀၁၇ ခုနှစ်တွင် စပါးအသင်းမှ ရိုးမားအသင်းသို့ ယူရို (၃.၂) သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၃၅) ပွဲတွင် (၁၁) ဂိုး သွင်းယူပေးခဲ့သည်။

ရိုးမားအသင်းအားကစားဒါရိုက်တာ ပက်ထရာချီက ဖာဇီယိုကို အသင်း၏အဓိကကစားသမားတစ်ဦးဖြစ်ပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent