ဂရီးဇ်မန်းအနေဖြင့် ပွဲများများကစားရန် လိုအပ်သည်ဟု ဗယ်လ်ဗာဒီ ပြောကြား

ဂရီးဇ်မန်းအနေဖြင့် ပွဲများများကစားရန် လိုအပ်သည်ဟု ဗယ်လ်ဗာဒီ ပြောကြား
Published 20 August 2019

ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက တိုက်စစ်မှူးသစ် ဂရီးဇ်မန်းအနေဖြင့် ခြေစွမ်းပြနိုင်ရန်အတွက် ပွဲများများကစားရန် လိုအပ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ယခုနွေရာသီတွင် အက်သလက်တီအသင်းမှ ရောက်ရှိလာခဲ့သည့် ဂရီးဇ်မန်းသည် ဘီလ်ဘာအိုနှင့်ကစားခဲ့သည့် ရာသီအဖွင့်ပွဲစဉ်တွင် ခြေစွမ်းမပြနိုင်သောကြောင့် ပရိသတ်များ၏ ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ဗယ်လ်ဗာဒီက ''သူက ဂိုးဧရိယာနားမှာဆိုရင် အဆုံးအဖြတ်ပေးနိုင်တဲ့ကစားသမားပါ။ ဒါပေမဲ့ ပွဲကိုလွှမ်းမိုးကစားနိုင်မှသာ သူ့အတွက် ဒီလိုအခြေအနေကို အကောင်းဆုံးဖန်တီးပေးနိုင်မှာပါ။ သူ့အနေနဲ့ ပွဲများများကစားရတဲ့အခါ ခြေစွမ်းပြနိုင်မယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဂရီးဇ်မန်းသည် ဘီလ်ဘာအိုနှင့်ပွဲ ပထမပိုင်း၌ တိုက်စစ်(၃)ယောက်တန်း ဘယ်အစွန်တွင် ရုန်းကန်ခဲ့ရပြီး ဆွာရက်ဇ် ဒဏ်ရာရသွားပြီးနောက် Central Role တွင် ပြောင်းလဲကစားခဲ့သော်လည်း ခြေစွမ်းမှာ ထူးထူးခြားခြား တိုးတက်လာခြင်းမရှိဟု Skysports က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့အတွင်း ဂရီးဇ်မန်းကို စာချုပ်လျော်ကြေး ယူရိုသန်း(၁၂၀)ပေးကာ ခေါ်ယူခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။

Most Read

Most Recent