အက်ရှ်လေကိုးလ်အနားယူခဲ့ပြီးနောက် အင်္ဂလန်၏ရွှေရောင်မျိုးဆက်၌ ဘောလုံးကစားနေသူ ရွန်နီ တစ်ဦးတည်းသာ ကျန်ရှိ 

အက်ရှ်လေကိုးလ်အနားယူခဲ့ပြီးနောက် အင်္ဂလန်၏ရွှေရောင်မျိုးဆက်၌ ဘောလုံးကစားနေသူ ရွန်နီ တစ်ဦးတည်းသာ ကျန်ရှိ 
Published 20 August 2019

အာဆင်နယ်၊ ချယ်လ်ဆီး စသည့်အသင်းများတွင် ပါဝင်ကစားခဲ့ဖူးသည့် အင်္ဂလန်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်သည် ကစားသမားဘဝမှအနားယူပြီဟု အတည်ပြုခဲ့ပြီးနောက် အင်္ဂလန်၏ရွှေရောင်မျိုးဆက်၌ ဘောလုံးကစားနေသူ ရွန်နီတစ်ဦးတည်းသာ ကျန်ရှိတော့ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။

အသက် (၃၈)နှစ်ရှိ အက်ရှ်လေကိုးလ်သည် ပြီးခဲ့သည့်ရာသီက ဒါဘီအသင်းတွင် နောက်ဆုံးကစားခဲ့ကာ ကလပ်နှင့် နိုင်ငံအတွက်ကစားသမားဘဝ၌ (၈၀၉)ပွဲ ပါဝင်ကစားပေးခဲ့သည်။

အင်္ဂလန်၏ရွှေရောင်မျိုးဆက်မှာ ၂၀၀၀ မှ ၂၀၁၀ ခုနှစ်အတွင်း ပွဲထွက်ပါဝင်ခဲ့သည့် ကစားသမားများကို ဆိုလိုခြင်းဖြစ်သည်။

ယင်းကာ လအတွင်း အင်္ဂလန်အသင်းတွင် ဒေးဗစ်ဂျိမ်းစ်၊ ဖာဒီနန်၊ တယ်ရီ၊ အက်ရှ်လေကိုးလ်၊ ဘက်ခမ်၊ လမ်းပတ်၊ ပေါလ်စခိုးလ်၊ ဂျရတ်၊ ရွန်နီ စသည့် ထိပ်တန်းကစားသမားများ ပါဝင်ခဲ့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူရိုပြိုင်ပွဲများ၌ အမြင့်ဆုံးကွာတားဖိုင်နယ်အထိသာ တက်ရောက်နိုင်ခဲ့ သည်။

အင်္ဂလန်ရွှေရောင်မျိုးဆက်၏တစ်ဦးတည်းသော ဘောလုံးကစားနေသူ ရွန်နီသည် လက်ရှိအချိန်တွင် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်း၌ ကစားနေပြီး လာမည့်ဇန်နဝါရီလမှစတင်ကာ ဒါဘီအသင်းတွင် ကစားသမား/နည်း ပြအဖြစ်တာဝန်ယူရန် သဘောတူညီမှုရရှိထားသည်။

ရွန်နီသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက အနားယူခဲ့သည့် လက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းသူအဖြစ် (၅၃)ဂိုးသွင်းယူထားကာ ဒုတိယပွဲအများဆုံးကစားသူအဖြစ်လည်း ပီတာရှီလ်တန်( ၁၂၅ ပွဲ)၏နောက် ပွဲ(၁၂၀)ဖြင့် ရပ်တည်နေသည်။

အင်္ဂလန်၏ရွှေရောင်မျိုးဆက်ကစားသမားများ

ဂိုး- ဒေးဗစ်ဂျိမ်းစ်၊ ရော်ဘင်ဆင်

နောက်တန်း- ၀ိန်းဘရစ်ချ်၊ ဆိုးလ်ကမ်းဘဲလ်၊ ကာရေဂါ၊ အက်ရှ်လေကိုးလ်၊ ဂယ်ရီနဗီးလ်၊ ဖီးလ်နဗီးလ်၊ တယ်ရီ၊ လက်ဒလေကင်း

အလယ်တန်း- ဘက်ခမ်၊ ဂျရတ်၊ နစ်ကီဘတ်၊ ဂျိုးကိုးလ်၊ အိုဝင်ဟားဂရေ့ဗ်၊ လမ်းပတ်၊ ပေါလ်စခိုးလ် 

ရှေ့တန်း- အိုဝင်၊ ရွန်နီ၊ ဟက်စကီး၊ ဗက်ဆဲလ်

Most Read

Most Recent