ဝုလ်ဗ်နှင့်ပွဲအပေါ် မန်ယူအသင်းနည်းပြ ဆိုးလ်ရှား အကောင်းဘက်မှ ရှုမြင်သုံးသပ်

ဝုလ်ဗ်နှင့်ပွဲအပေါ် မန်ယူအသင်းနည်းပြ ဆိုးလ်ရှား အကောင်းဘက်မှ ရှုမြင်သုံးသပ်
Published 20 August 2019

သြဂုတ်လ ၁၉ ရက်တွင်ကစားခဲ့သည့် ဝုလ်ဗ်(၁-၁)မန်ယူပွဲအပြီးတွင် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ယင်းပွဲအပေါ် အကောင်းဘက်မှ သုံးသပ်ခဲ့ကြောင်း သိရသည်။

'' ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို စိုးမိုးနိုင်ခဲ့တယ်။ ပြီးတော့ ဂိုးစရတယ်။ ဒုတိယပိုင်းမှာတော့ သူတို့ အရှိ်န်အဟုန်ပြင်းပြင်းနဲ့ ကစားလာတော့မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သွင်းသွားတဲ့ချေပဂိုးကတော့ သူတို့နဲ့ထိုက်တန်ပါတယ်။ ဒါပေမဲ့ ပွဲကို ကျွန်တော်တို့ ပြန်ထိန်းချုပ်နိုင်လို့ အနိုင်ရသင့်တယ်လို့ ယူဆပါတယ်။ ပထမပိုင်းကတော့ အသင်းရဲ့စွမ်းဆောင်ရည်က ပြည့်စုံပါတယ်။ ဒုတိယပိုင်းမှာတော့ လျော့တိလျော့ရဲကစားတာတချို့ရှိခဲ့ပါတယ်။ ကျွန်တော်တို့အသင်းမှာ တိုးတက်မှုတွေရှိနေပါတယ်။ ငယ်ရွယ်တဲ့အသင်းတစ်သင်းမို့ ဒီနေ့ပွဲကနေ သင်ယူရမှာပါ။ ကျွန်တော်တို့ ပယ်နယ်တီတစ်လုံး ရခဲ့ပါတယ်။ သာမန်အားဖြင့်တော့ ဒါက နှစ်မှတ်ထပ်ရစေမယ့် အခွင့်အရေးပေါ့။ တစ်ခါတစ်ရံမှာ ဂိုးသမားတွေက ကောင်းမွန်တဲ့ကာကွယ်မှုတွေ ပြုလုပ်တာလည်းရှိပါတယ်'' ဟု ဆိုးလ်ရှားက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် နည်းပြဘဝ ဝုလ်ဗ်အသင်းနှင့်ရင်ဆိုင်ရသည့်ပွဲများတွင် (၁)ပွဲသရေ၊ (၃)ပွဲရှုံးဖြင့် နိုင်ပွဲမရှိခဲ့ဘဲ ယင်းမှာ နိုင်ပွဲမရမှုအများဆုံး ပြိုင်ဘက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်လျက်ရှိသည်။

ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုကမူ အသင်း၏စွမ်းဆောင်ရည်အတွက် ကျေနပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

Close

 

Most Read

Most Recent