ကမ္ဘာ့ရွှေစျေးနှုန်း ၁၄၆၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၁၇၅၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်လက်မြင့်တက်ကာ ၁၅ ပဲရည်ရွွှေစျေးနှုန်း ကျပ် ၁၁ သိန်းကျော်သို့ စတင်ရောက်ရှိ

ကမ္ဘာ့ရွှေစျေးနှုန်း ၁၄၆၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၁၇၅၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်လက်မြင့်တက်ကာ ၁၅ ပဲရည်ရွွှေစျေးနှုန်း ကျပ် ၁၁ သိန်းကျော်သို့ စတင်ရောက်ရှိ
Published 6 August 2019
ရွှန်းလဲ့ဝင်း

ကမ္ဘာ့ရွှေစျေးသည် သြဂုတ် ၆ ရက်တွင် ၁၄၆၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေးနှုန်း ကျပ် ၁၁၇၅၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ပြီး ၁၅ ပဲရည် ရွှေစျေးနှုန်း ကျပ် ၁၁ သိန်းကျော်သို့ စတင်ရောက်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့်သြဂုတ် ၂ရက်က ၁၄၄၁ ဒေါ်လာဖြင့် စျေးပိတ်ခဲ့သည့် ကမ္ဘာ့ရွှေစျေးနှုန်းသည် စျေးပြန်လည် ဖွင့်လှစ်သည့် သြဂုတ် ၅ ရက်တွင် ၁၄၅၈ ဒေါ်လာ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး သြဂုတ် ၆ ရက်တွင် ၁၄၆၁ ဒေါ်လာဝန်းကျင်အထိ ဆက်တိုက်မြင့်တက် ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကမ္ဘာ့ရွှေစျေး ဆက်တိုက်မြင့်တက်မှုကြောင့် ပြည်တွင်းရွှေစျေးနှုန်းမှာလည်း ကျပ် ၁၁၇၅၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာလည်း ကျပ် ၁၁၀၆၀၀၀ သို့ စတင်ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ရွှေစျေးသည် သြဂုတ် ၂ ရက်  ၁၄၄၁ ဒေါ်လာဝန်းကျင်ဖြင့် တစ်ပတ်တာ စျေးပိတ်ခဲ့ပြီး သြဂုတ် ၃ ရက်နှင့် ၄ရက်တွင်  ပြည်တွင်းရွှေစျေးနှုန်းသည် ကျပ်၁၁၅၄၅၀၀ ဝန်းကျင်အထိ ရှိပြီး သြဂုတ် ၅ ရက်တွင် ၁၁၆၈၀၀၀ ဝန်းကျင်၊ သြဂုတ် ၆ ရက်တွင် ကျပ် ၁၁၇၅၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

အဆိုပါ စျေးနှုန်းများမှာ အခေါက်ရွှေစျေးနှုန်းများဖြစ်ပြီး ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ သြဂုတ် ၅ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၁၀၉၈၄၀၀ ဝန်းကျင်နှင့် သြဂုတ် ၆ ရက်တွင် ကျပ် ၁၁၀၆၀၀၀ အထိရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး နှစ်အလိုက် စံချိန်တင် စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၆ ရက်တွင် ကျပ် ၁၁၇၅၀၀၀  ဖြစ် သည်။

 ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀  တန်းကို ကျော်လွန်ခဲ့ပြီး လက်ရှိတွင် ကျပ် ၁၁၇၅၀၀၀ အထိ မြင့်တက်လာခြင်း ဖြစ်သည်။

ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၉ ခု နှစ် ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက် တင်ဘာ ၂၀ ရက်က ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များဆက်တိုက် တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇွန် ၂၁ ရက်တွင် ကျပ် ၁၁၁၅၀၀၀ အထိ ဇွန် ၂၅ ရက်တွင် ကျပ် ၁၁၃၀၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိ၊  သြဂုတ် ၂ ရက်တွင် ကျပ် ၁၁၅၂၀၀၀ အထိ၊ သြဂုတ် ၃ ရက်တွင် ကျပ် ၁၁၅၄၅၀၀ အထိ၊ သြဂုတ် ၄ ရက်တွင် ၁၁၅၄၅၀၀၊ သြဂုတ် ၅ ရက်တွင် ၁၁၆၈၀၀၀၊ သြဂုတ် ၆ ရက်တွင် ၁၁၇၅၀၀၀ အထိ စံချိန်တင် စျေးနှုန်းများ ထပ်တင်ခဲ့သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေစျေးနှုန်းများ မှာ ဖေဖော်ဝါရီအတွင်း ကျပ် ၁၀၆၁၀၀၀-၁၀၈၈၅၀၀၊ မတ်လအတွင်း ကျပ် ၁၀၄၂၅၀၀-၁၀၇၂၀၀၀၊ ဧပြီအတွင်း ကျပ် ၁၀၃၆၀၀၀-၁၀၅၅၀၀၀၊ မေလအတွင်း ကျပ် ၁၀၃၆၀၀၀-၁၀၅၉၀၀၀၊ ဇွန်လအတွင်း ကျပ် ၁၀၅၆၀၀၀-၁၁၃၀၀၀၀၊ ဇူလိုင်အတွင်း ကျပ် ၁၀၉၇၀၀၀ -၁၁၅၀၀၀၀ တို့ဖြစ်သည်။

ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ်ဧပြီမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၂၇၈-၁၃၂၅ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၀၇- ၁၃၄၃ ဒေါ်လာ၊ မတ် လ တွင် ၁၂၉၂- ၁၃၂၂ ဒေါ်လာ၊ ဧပြီတွင် ၁၂၆၉-၁၃၀၉ ဒေါ်လာ၊ မေလတွင် ၁၂၇၀-၁၃၀၆ ဒေါ်လာ၊ ဇွန်လတွင် ၁၃၀၅-၁၄၂၃ ဒေါ်လာ၊ ဇူလိုင်တွင် ၁၃၈၂-၁၄၄၅ ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်း ကျင်မှ ဒေါ်လာ ၁၀၀ ကျော်အထိ ရှိခဲ့သည်။

 

Most Read

Most Recent