ဘဏ္ဍာနှစ် ကိုးလနီးပါးတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၇ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၃၀ ကျော်ရရှိခဲ့ပြီး တရုတ်သို့ တင်ပို့မှု အများဆုံးဖြစ်ကာ စုစုပေါင်း တင်ပို့မှု၏ ၃၃ ရာခိုင်နှုန်းနီးပါးရှိ

ဘဏ္ဍာနှစ် ကိုးလနီးပါးတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၇ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၃၀ ကျော်ရရှိခဲ့ပြီး တရုတ်သို့ တင်ပို့မှု အများဆုံးဖြစ်ကာ စုစုပေါင်း တင်ပို့မှု၏ ၃၃ ရာခိုင်နှုန်းနီးပါးရှိ
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချ ပြုလုပ်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချ ပြုလုပ်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 9 July 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့မှုမှ ဒေါ်လာသန်း ၅၃၀ ကျော်ရရှိခဲ့ပြီး တရုတ်နယ်စပ်သို့ တင်ပို့မှု အများဆုံးဖြစ်ကာ စုစုပေါင်း တင်ပို့မှု၏ ၃၃ ရာခိုင်နှုန်းနီးပါးရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၈ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ဒသမရ၅၁ သန်း ကျော်တင်ပို့မှုမှ ဒေါ်လာ ၅၃၁ ဒသမ၉၈၀ သန်းရရှိထားသည်။ယင်းအနက် နိုင်ငံပေါင်း ၆ဝသို့ ဆန်တင်ပို့မှု ပမာဏ တန်ချိန် ၁ဒသမ ၄ သန်း ကျော်ရှိပြီး ဒေါ်လာသန်း ၄၄၀ နီးပါး ရရှိထားသည်။

နိုင်ငံပေါင်း ၃၀ သို့ ဆန်ကွဲတင်ပို့မှု တန် ချိန် ၃ဒသမ၄ သိန်းကျော်ရှိပြီး ဒေါ်လာသန်း ၉၀ ကျော်ရရှိထားသည်။ တင်ပို့ခဲ့သည့် နိုင်ငံ များအနက် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅ ဒသမ ၅ သိန်းကျော်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၄၆၁ သိန်းကျော် စုစုပေါင်း တန်ချိန် ၅ ဒသမ ၇၆၄ သိန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၁၃၇ ဒသမ ၆၅၇ သန်း ရရှိထားသည်။ ယင်းပမာဏသည် စုစုပေါင်း တင်ပို့မှု၏ ၃၂ ဒသမ ၉ရ ာခိုင်နှုန်းရှိပြီး အများဆုံး တင်ပို့ထားခြင်း ဖြစ်သည်။

ဥရောပ သမဂ္ဂနိုင်ငံများ (အီးယူ) သို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ဒသမ၆၉၈ သိန်းကျော် တင်ပို့ထားပြီး စုစုပေါင်း တင်ပို့မှု၏ ၂၁ ရာခိုင်နှုန်းကျော်ရှိသည်။ အာဖရိကစျေးကွက်နိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၄ ဒသမ ၅၀၉ သိန်းကျော် တင်ပို့ထားပြီး စုစုပေါင်းတင်ပို့မှု၏ ၂၅ ရာခိုင်နှုန်းကျော်ရှိသည်။ အခြားနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ ဒသမ ၃၄၉ သိန်းကျော် တင်ပို့ထားပြီး စုစုပေါင်း တင်ပို့မှု၏ ၁၉ ရာခိုင်နှုန်း ကျော်ရှိသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အီးယူ၊ အာဖရိကသို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

ပြီးခဲ့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန် တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့ နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် အဓိက ဆန်တင်ပို့မှု စျေးကွက်ဖြစ်သည့် တရုတ်နှင့် အီးယူတို့မှ ဝယ်ယူမှု ကျဆင်းခဲ့သဖြင့် ယခင်နှစ်ထက် ဆန်တင်ပို့မှု လျော့ကျခဲ့သည်။

၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်တွင် စ ပါးစျေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲ ဖြစ်နေခြင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ဆောင်ရွက်သင့်သော ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သိုလှောင်ရုံ အခက်အခဲ၊ အဆင့်အတန်းရှိသည့် စပါးများ အခြောက်ခံရန် အခက်အခဲ၊ သယ်ယူပို့ဆောင်ရေး ယာဉ်အခက်အခဲများ ရှိနေသဖြင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းမှုများကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ မေလ ၁၈ ရက်က ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာ့ဆန်စပါးကဏ္ဍသည် နယ်စပ်မှ အရောင်းအဝယ် အလွန်နည်းခြင်းနှင့် ပြည်ပတင်ပို့မှု ကျဆင်းနေကြောင်း၊ ယခုအခြေအနေသည် ပုဂ္ဂလိက သက်သက်ဖြင့်သာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။

ယခင်က တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့နိုင်သည့် ကုမ္ပဏီ ၁၁ ခုသာရှိခဲ့ပြီး  လက်ရှိတွင် ကုမ္ပဏီ ၄၀ ကျော်ကို ထပ်မံရွေးချယ်နိုင်ခဲ့သဖြင့် အဆိုပါ ကုမ္ပဏီစာရင်းများကို တရုတ်နိုင်ငံသို့ ပေးပို့ပြီးပါက တရုတ်နိုင်ငံသို့ ဆန်ပြန်လည် တင်ပို့နိုင်မည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်က ဓနုဖြူမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ တောင်သူလယ်သမားများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲတွင် တောင်သူများ၏ မေးမြန်းမှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent