ကမ္ဘာ့ရွှေစျေးနှုန်း ၁၄၃၈ ဒေါ်လာဝန်းကျင်အထိ ခုန်တက်၍ ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၁၃၀၀၀၀ ဝန်းကျင်အထိ စံချိန်သစ်တင်ပြီး ဆက်လက်မြင့်တက်

ကမ္ဘာ့ရွှေစျေးနှုန်း ၁၄၃၈ ဒေါ်လာဝန်းကျင်အထိ ခုန်တက်၍ ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၁၃၀၀၀၀ ဝန်းကျင်အထိ စံချိန်သစ်တင်ပြီး ဆက်လက်မြင့်တက်
ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 25 June 2019
စည်သူအောင်      

ကမ္ဘာ့ရွှေစျေးသည် ဇွန် ၂၅ ရက်တွင် ၁၄၃၈ ဒေါ်လာဝန်းကျင်အထိ ခုန်တက်ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၁၃၀၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေစျေးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း အမြင့််ဆုံးစံချိန်အဖြစ် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ စံချိန်ကို ၂၀၁၈ ခု နှစ် သြဂုတ် ၂၃ ရက်တွင် စတင်ကျော်ခဲ့ပြီး စက်တင်ဘာ ၁၁ မှစတင်ကာ ရွှေစျေးနှုန်း စံချိန်သစ်များ ထပ်တင်ခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် အမြင့်ဆုံး စံချိန်အဖြစ် ကျပ် ၁၀၄၇၇၀၀ အထိဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလဆန်း နောက်ပိုင်း အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၉၈၇၀၀၀ အထိ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ ရွှေစျေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေစျေး နှုန်း လိုက်ပါမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက် တွင် ကျပ် ၁၀၂၈၀၀၀၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကျပ် ၁၀၄၂၀၀၀၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ၁၀၄၅၈၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့ သည်။ ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀၊ ဖြင့်ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များဆက်တိုက် တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက်  ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇွန် ၂၁ ရက်တွင် ကျပ် ၁၁၁၅၀၀၀ အထိ စံချိန်တင်ခဲ့ပြီး ဇွန် ၂၅ ရက်တွင် ကျပ် ၁၁၃၀၀၀၀ ဖြင့် စံချိန်သစ် ထပ်တင်ခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေစျေးသည် မေလကုန်ပိုင်းတွင်  ၁၂၇၉ ဒေါ်လာ ဝန်းကျင်သာရှိပြီး ဇွန်လအတွင်း ဆက်တိုက် မြင့်တက်ခဲ့ရာ တစ်လနီးပါးအတွင်း ဒေါ်လာ ၁၆၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကာ အချို့ရက်များတွင် တစ်ရက်အတွင်း ဒေါ်လာ ၅၀ ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်ပါက  ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင်  ၁၁၉၈ -၁၂၃၅ ဒေါ်လာ၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ၁၃၀၇- ၁၃၄၃ ဒေါ်လာ၊ မတ်တွင် ၁၂၉၂- ၁၃၂၂ ဒေါ်လာ၊ ဧပြီတွင် ၁၂၆၉-၁၃၀၉ ဒေါ်လာ၊ မေတွင် ၁၂၇၀-၁၃၀၆ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

 

Most Read

Most Recent