ပီရူးနှင့်ပွဲမှာ မိမိလက်ထက်အကောင်းဆုံးဖြစ်ပြီး ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေခြင်းဖြစ်ဟု ထိထီကြုံးဝါး

ပီရူးနှင့်ပွဲမှာ မိမိလက်ထက်အကောင်းဆုံးဖြစ်ပြီး ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေခြင်းဖြစ်ဟု ထိထီကြုံးဝါး
Photos : AFP
Photos : AFP
Published 24 June 2019

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ ထိထီက ပီရူးအသင်းအား ငါးဂိုးပြတ်အနိုင်ရသည့်ပွဲမှာ မိမိလက်ထက် အကောင်းဆုံးပွဲ တစ်ပွဲဖြစ်ကြောင်း ချီးကျူးပြောကြားသည်။

ဘရာဇီးလ်အသင်းပရိသတ်များသည် ဘိုလစ်ဗီးယား၊ ဗင်နီဇွဲလားတို့နှင့်ပွဲများ၌ မိမိကစားသမားများအား လှောင်ပြောင်မှုပြုလုပ် ခဲ့သော်လည်း ယခုပွဲတွင်မူ ပွဲချိန်ပြည့်အားပေး ခဲ့ကြသည်။

သို့ဖြစ်ရာ ထိထီက ''ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲပါပဲ။ ကွင်းသာကောင်းနေရင် စွမ်းဆောင်ရည်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ပွဲပျမ်းမျှဘောလုံးပေးပို့မှု အကြိမ် ၆၀၀ လောက်ရှိပေမဲ့ ဂိုးသွင်း နှုန်းနည်းခဲ့ပါတယ်။ ဒီနေ့မှာတော့ ထိရောက်မှုအပိုင်း ပိုပြီးတိုးတက်လာပါပြီ။ ကျွန်တော်တို့က ချန်ပီယံဆုရယူနိုင်ဖို့ ယှဉ်ပြိုင်နေတာပါ။ လှပတဲ့ကစားဟန်ကိုလည်း ပြသချင်ပါတယ်''ဟု ချီးကျူးပြောကြားသည်။

 

Most Read

Most Recent