ယူဂန္ဓာအသင်းသည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် နောက်ဆုံးအကြိမ် အနိုင်ရခဲ့သည်မှာ ၁၉၇၈ ခုနှစ်က ဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် နိုင်ဂျီးရီးယားအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယူဂန္ဓာအသင်းသည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့ သည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် DR ကွန်ဂိုအသင်းအား (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းမှာ နှစ်ပေါင်း (၄၁) နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ယူဂန္ဓာအသင်းသည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် နောက်ဆုံးအကြိမ် အနိုင်ရခဲ့သည်မှာ ၁၉၇၈ ခုနှစ်က ဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် နိုင်ဂျီးရီးယားအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယင်းနောက်ပိုင်းတွင် ယူဂန္ဓာအသင်းသည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်ခြင်း၊ နှုတ်ထွက်ခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂၀၁၇ ပြိုင်ပွဲတွင်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
သို့သော် ၂၀၁၇ ပြိုင်ပွဲတွင် ယူဂန္ဓာအသင်းသည် အုပ်စုပွဲစဉ် (၃) ပွဲတွင် (၂) ပွဲရှုံးကာ (၁) ပွဲသရေကျခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း (၄၁) နှစ်အ ကြာတွင်မှ DR ကွန်ဂိုအသင်းကိုနိုင်ကာ ပထမဆုံးအကြိမ် နိုင်ပွဲပြန်ရခဲ့ခြင်းဖြစ်သည်။