ထိုင်းနိုင်ငံ မြဝတီနယ်စပ်ဘက်နှင့် ပြည်ပနိုင်ငံများမှ ပြောင်းဝယ်ယူသောကြောင့် မန္တလေးစျေးကွက်တွင် ယခုရက်ပိုင်းအတွင်း ပြောင်းစျေးကောင်းနေ

ထိုင်းနိုင်ငံ မြဝတီနယ်စပ်ဘက်နှင့် ပြည်ပနိုင်ငံများမှ ပြောင်းဝယ်ယူသောကြောင့် မန္တလေးစျေးကွက်တွင် ယခုရက်ပိုင်းအတွင်း ပြောင်းစျေးကောင်းနေ
ပြောင်းဂိုထောင်တစ်ခုကို တွေ့ရစဉ်
ပြောင်းဂိုထောင်တစ်ခုကို တွေ့ရစဉ်
Published 11 June 2019
မင်းလတ်

ထိုင်းနိုင်ငံ မြဝတီနယ်စပ်ဘက်နှင့် ပြည်ပနိုင်ငံများမှ ပြောင်းဝယ်ယူနေသောကြောင့် မန္တလေးစျေးကွက်တွင် အခုရက်ပိုင်းအတွင်း ပြောင်းစျေးကောင်းနေသည်ဟု မန္တလေးမြို့ ပဲနှမ်းကုန်သည်များထံက သိရသည်။

“မန္တလေးစျေးကွက်ထဲမှာ ယခုရက်ပိုင်း ပြောင်းဖူးစေ့စျေး ပြန်ပြီးမြင့်တက်လာခဲ့တယ်။ အရင်တုန်း မေလအလယ်လောက်က ကျပ် ၁၉၅၀၀ စျေး၊ တစ်ပိဿာစျေး ကျပ် ၃၈၀ စျေးရှိခဲ့ပြီး အဲဒီလောက်ကနေ သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၂၃၅၀၀ စျေး၊ တစ်ပိဿာ ၄၃၅ ကျပ်အထိ စျေးမြင့်လာတာ ရှိပါတယ်။ အိုဗာစီးအနေနဲ့ ပြောင်းဝယ်တာရှိသလို ထိုင်းနိုင်ငံဘက်ကလည်း ဝယ်တာရှိတယ်။ တရုတ်နိုင်ငံဘက်မှ ပြောင်းပြန်ဝယ်ယူမည့် သတင်းစကားကြောင့် ပြောင်းစျေးကောင်းလာတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က ပြောင်းတကယ် ဝယ်လာရင် ပြောင်းစျေးမြင့်တက် လာနိုင်စရာ ရှိပါတယ်။ တရုတ်ဘက် ဝယ်မယ်ဆိုတာ အနည်းငယ်တော့ သိနေပါပြီ။ လက်တွေ့မှာ တရုတ်ဘက်ကနေ ပြောင်းဝယ်တာတော့ မရှိသေးပါဘူး။ Oversea အဝယ်ရှိတာကြောင့် မန္တလေး-ရန်ကုန်ကားခ စျေးက ၅၅ ကျပ်အထိ စျေး တက်သွားပါတယ်။ အရင်တုန်းက မန္တလေး-ရန်ကုန် ကားခ က ၂၈ ကျပ်ရှိပြီး အခုကျ ရန် ကုန်- မန္တလေး ကားခနဲ့ မန္တလေး-ရန်ကုန် ကားခစျေးသည် ပြောင်းပြန်ဖြစ်နေပါတယ်။ ရန်ကုန်-မန္တလေး ကားခက ၂၈ ကျပ်ရှိပြီး မန္တလေး-ရန်ကုန် ကားခ  ၅၅ ကျပ်အထိ ဖြစ်လာတာ ဖြစ်ပါတယ်။ မန္တလေးကနေ ရန်ကုန်ဘက် ကုန်အဆင်းများပြီး ရန်ကုန်ဘက် ဆန်၊ သကြားပို့ကုန်တို့ တက်မလာတာကြောင့် ရန်ကုန်အတက် ကုန်စျေးမရဘဲ ကားသမားတွေက အဆင်း ကုန်ရတာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်း ဒေသကြီး ပဲနှမ်းအသင်းဥက္ကဋ္ဌ ဦးချွန်က ပြောကြားသည်။

မန္တလေး ပဲစျေးကွက်တွင် ပြည်ပသို့ အဓိက တင်ပို့ကုန်များဖြစ်သည့် ပဲစင်းငုံမှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၀၁၀၀၀ နှုန်းဖြင့်လည်းကောင်း၊ မြေထောက်ပဲမှာ ကျပ် ၁၂၈၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပဲတီစိမ်း မှာ ကျပ် ၁၀၈၀၀၀ နှုန်းဖြင့်လည်းကောင်း၊ မြေပဲလုံးဆန်မှာ တစ်ပိဿာလျှင် ၃၅၀၀ နှုန်းဖြင့်လည်းကောင်း၊ ထောပတ်ပဲ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၂၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ မတ်ပဲသုံးတင်းဝင် တစ်အိတ် ကျပ် ၈၂၀၀၀ နှုန်းဖြင့်လည်းကောင်း၊ နှမ်းနက်သုံးတင်းဝင်တစ်အိတ် ကျပ် ၂၆၀၀၀၀ နှုန်း ဖြင့်လည်းကောင်း၊ နှမ်းဖြူသုံးတင်းဝင် တစ်အိတ် ၁၈၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထိုင်ဝမ်ကုလားပဲ ကျပ် ၈၂၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ပြောင်းဖူးစေ့ ကျပ် ၂၃၅၀၀ နှုန်းဖြင့် လည်းကောင်း ဇွန် ၉ ရက် စျေးနှုန်းများ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent